
ဒီကျောက်စာကို
ငါတို့ အသက်တွေစတေးပြီး စိုက်ခဲ့တာပါ
ငါတို့ သွေးနဲ့ရေးခဲ့တာပါ
ငါတို့ ရယူသိမ်းခဲ့တာပါ
ဒီစခန်း ဒီမြေ ဒီကုန်းထက်မှာ
စစ်မာန်ဟုန်အပြည့် တိုက်ပွဲဆင်ခဲ့ကြတဲ့
ငါတို့ သူရဲကောင်းတွေ အိပ်စက်နားကြတာပါ
ငါတို့အောင်မြေ ငါတို့မြေလို့ ကျားထိုးချီတက်
စခန်းသိမ်းခဲ့ကြတာပါ
ဒီအောင်မြေရဲ့ ဟိုးးဝေးဝေး အခြားတစ်ဖက်မှာတော့...
ရင်သွေးပျောက်တဲ့ သားသည်မိခင်တွေ
အိမ်ဦးနတ်မဲ့ ဇနီးသည်တွေ
မြင့်မိုရ်တောင်ပြိုလဲသွားတဲ့ ကလေးသူငယ်တွေ
သွေးသားရင်းချာ ဆုံးရှုံးရတဲ့ ညီကိုမောင်နှမတွေရဲ့
ငိုကြွေးမှု မျက်ရည်တွေ ချောင်းစီးလို့နေရဲ့...
.
သို့လေသော်လည်း
ရဲဘော်မသေ သေသော်ငရဲမလား မို့
တရားသောစစ်ဆင်နွှဲနေတဲ့ ငါတို့ စစ်သည်တွေအတွက်
ကမ္ဘာတည်မယ့် ကျောက်စာတစ်ချပ်နဲ့
ဂုဏ်ယူလိုက်ကြပါစို့လေ...
#EO Minkha
0 comments:
Post a Comment