Monday, April 8, 2019

တပ်မတော်ပြိုကွဲရင် တိုင်းပြည်ပြိုကွဲမယ်.....

Image may contain: 3 people, people smiling, people standing, crowd and outdoor 
 "....ခုဗမာပြည်မှာ ဖြစ်နေတာက တရားဥပဒေမစောင့်စည်းတဲ့လူက အမြတ်ရှိတယ်။အကျိုးရှိတယ်။လုပ်ချင်တာလဲလုပ်လို့ရတယ်။ပြန်လာလို့ရှိရင်လည်း ဦးထွန်းဖေလို ထွန်းနေ့စဉ်သတင်းစာ အတိုင်းပေါ့။ပြန်လာလို့ရှိရင်ဧရာမတော်လှန်ရေးသမားကြီးဆိုပြီးတော့ဝိုင်းပြီးတော့ချီးကျုးပွဲလဲလုပ်တယ်။ငွေလဲဘဲတစ်ထောင် နှစ်ထောင်ပေးရသေးတယ်။သူ့လည်းကြောက်ရသေးတယ်။သူကပဲ အစိုးရတက်ဖြစ်မလို ဖြစ်နေတယ်။အဲဒါတွေကို ဖျက်ပစ်ရမယ်....."
(ဗိုလ်မှုးကြီးမောင်မောင်၊၁၉၅၈အောက်တိုဘာ၊မိတ္ထီလာတပ်မှုးများ ညီလာခံ)

"....ဒီနိုင်ငံမှာ နိုင်ငံတော်ကို အကြီးအကျယ်အန္တရယ်ပြုတဲ့လူတွေ ဥပမာအားဖြင့်ဒီသောင်းကျန်းသူတွေဟာ နိုင်ငံတော်ကိုသစ္စာဖောက်တယ်။လက်နက်ကိုင်ပြီးတော့ အစိုးရကို တိုက်ခိုက်ဖြိုခွင်းနေတယ်။အဲဒီလို နိုင်ငံတော်ကိုလက်နက်ကိုင်တိုက်ခိုက်နေတဲ့ ကြားက လုယက်မှု၊ဓားပြမှု၊မုဒိန်းမှု၊လူသတ်မှုစတဲ့ပြစ်မှုတွေ အမျိုးးမျိုးကျုးလွန်တယ်။အဲဒီလူတွေကိုကျွန်တော်တို့နားလည်တာက ဥပဒေအရဆိုရင်တော့ ဖြင့် ဒါက အရေးယူရမှာပဲ။သို့သော်လည်းပဲ အခုနေအခာမှာ ဒီအရေးမယူတဲ့အပြင် ဒီလူတွေကိုဒီလုံးဝလွတ်ငြိမ်းချမ်းသာခွင့်သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာကို ပေးတယ်။ဒါအစိုးရအနေနဲ့ သူတို့ပေးနိုင်တယ် ဆိုပြီး ပေးတယ်။
........အဲဒီတော့ ဒီဟာတွေဟာ ဘယ်နည်းနဲ့မှ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စတွေလို့ကျွန်တော်တို့ယူဆပါတယ်......"
(ဗိုလ်မှုးကြီးချစ်မြိုင်၊၁၉၅၈အောက်တိုဘာ၊မိတ္ထီလာတပ်မှုးများညီလာခံ)

၁၉၅၈ခုနှစ်သန့်ရှင်းဖဆပလဝန်ကြီးချုပ်ဦးနုကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းထံခေတ္တအာဏာလွှဲအပ်လိုက်ရခြင်းဟာပြည်ထောင်စုပြိုကွဲရေး၊အချုပ်အခြာအာဏာဆုံးရှုံးရေး တွေ ကြုံလာရတာကြောင့်မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစားဘဲ လက်တစ်လုံးခြားလိုသလိုဆွဲသုံးလာခြင်း၊တပ်မတော်နဲ့အစိုးရယုံကြည်မှုပျက်ပြားလာပြီးထိပ်တိုက်ပြဿနာရင်ဆိုင်လာခြင်းတွေကြောင့်သာဖြစ်ပါ တယ်။(အခြေခံဥပဒေအရ သြဂုတ်လမှာလွှတ်တော်ခေါ်ဘက်ဂျက်အစည်းအဝေးလုပ်ရမှာကိုလွှတ်တော်ခေါ်ရင်တည်မြဲကထပ်ပြီးအယုံအကြည်မရှိအဆိုတင်တဲ့အခါရှုံးမှာသေချာသလောက်ဖြစ်နေတဲ့အတွက် ဦးနုက လွှတ်တော်မခေါ်တော့ဘဲသမ္မတအမိန့်နဲ့ဘက်ဂျက်အတည်ပြုလိုက်တဲ့အတွက် အခြေခံဥပဒေကိုစက္ကူစုတ်လို လုပ်ပစ်တယ်လို့ဝိုင်းဝေဖန်ခံရပါတော့တယ်)

၄၇ဖွဲ့စည်းပုံအခြေခံဥပဒေမှာတပ်မ တော်ကဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ရန် အဓိကတာဝန်ရှိသည် လို့ တာဝန်ပေးမထားပေမယ့်အာဏာရပါတီကအခြေခံဥပဒေကိုလက်တလုံးခြားလုပ်ခြင်း၊ဗြောင်ချိုးဖောက်ခြင်းတွေ ကြောင့်ပြည်သူလူထုနဲ့အတိုက်အခံပါတီတွေရဲ့အစိုးရအပေါ်မလိုလားမှုတွေ စုပုံလာချိန်၊တပ်မတော်နဲ့အစိုးရ သံသယစိတ်တွေ ကြီးမားလာချိန်မှာ ဟံသာဝတီခရိုင်သန့်ရှင်းဖဆပလ အမတ်က ဖဆပလညီလာခံဒုတိယ နေ့မှာတပ်မတော်ဟာရန်သူနံပတ်တစ် လို့ စွပ်စွဲစိန်ခေါ် လိုက်တဲ့အတွက် ယမ်းအိုးစနက်တံမီးရှို့သလို့ဖြစ်ပြီးတပ်မှုးကြီးတစ်ချို့ကဦးနုထံသွားရှင်းကြ တယ်။ဝန်ကြီးချုပ်ဦးနုကရေဒီယိုက နေအသံလွှင့်ဖြေရှင်းပေမယ့်တဖက်နဲ့တဖက်မယုံသင်္ကာစိတ်တွေပိုများလာ ပြီးလက်ဦးမှုရအောင်ပြင်ဆင်လာကြရင်းဘယ်လိုမှတားမရတော့တဲ့အခြေအနေရောက်လာပြီးအာဏာအပ်လိုက်ရတော့တာပါပဲ။

၄၈ခုနှစ် ဗကပ၊ရဲဘော်ဖြူတွေနဲ့ အစိုးရငြိမ်းချမ်းရေးကိစ္စတွေ အားမရလို့ လက်ဝဲညီညွတ်ရေးဦးသိန်းဖေမြင့်တို့ ကဒုကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်နေဝင်းဦးဆောင်အာဏာသိမ်းရေးကြိုးပမ်းစဉ်က တစ်ကြိမ်၊၄၉ခုနှစ်ဆန်းပိုင်း ရန်ကုန်အစိုးရအခေါ်ခံရတဲ့အထိ အခြေအနေဆိုးနေချိန်မှာလက်ယာဦးဘဘေတို့ကကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်နေဝင်းဦးစီးပြီးအာဏာသိမ်းဖို့ ကြံစီစဉ်ကတစ် ကြိမ် နှစ်ကြိမ်စလုံး ဗိုလ်ချုပ်နေဝင်းကငြင်းဆန်ခဲ့တဲ့အတွက်အာဏာမသိမ်းဖြစ်ခဲ့ဘဲ၅၈ခုနှစ်တပ်မတော်နဲ့အာဏာရပါတီအပြန်အလှန်အယုံအကြည်ကင်းမဲ့မှု ၊အခြေခံဥပဒေချိုး ဖောက်မှု တွေ ကြောင့်အာဏာအပ်ရတဲ့အထိဖြစ်ခဲ့ရတာပါပဲ။(အဲဒီကာလသမိုင်းမှတ်တမ်း တွေအရအာဏာမအပ်ရင်လည်းသိမ်းမယ်ဆိုတဲ့အနေအထားဖြစ်နေတယ်ဆိုတာတွေ့ရပါတယ်)

ဒီ၅၈အာဏာလွှဲအပ်ရမှုရဲ့တရားခံအ ကြောင်းတရားအစ က ဖဆပလ သန့်ရှင်းတည်မြဲအကွဲ ကြောင့် သာဖြစ်ပါတယ်။ဦးနုရဲ့သန့်ရှင်းဖဆပ လအစိုးရကိုအယုံအကြည်မရှိကြောင်းတည်မြဲဖဆပလကလွှတ်တော်မှာအဆိုတင်မဲခွဲတော့ပုံမှန်အတိုင်းဆိုဖဆပလအမတ်အင်အားများတဲ့တည်မြဲဘက်က နိုင်ပြီး အစိုးရပြုတ်ကျမှာ ဖြစ်ပေမယ့် ပမညတ၊ရတည(ရခိုင်)၊ရှမ်းအမတ်မဲတွေကို ဦးနုက ရယူနိုင်ခဲ့တဲ့အတွက် ၈မဲအသာနဲ့ ကပ်နိုင်သွားတဲ့အတွက် တည်မြဲရဲ့ အဆိုရှုံးပြီးသန့်ရှင်းအစိုးရဆက်ရပ်တည်သွားနိုင်ခဲ့တယ်။ဒီအတွက် ပမညတ နဲ့အပေးအယူလုပ်ခဲ့ရတဲ့တောတွင်းလက်နက်ကိုင်တွေကိုသင်ပုန်းချေငြိမ်းချမ်းရေးဆိုပြီးအစိုးရကကြေငြာချက်ထုတ်တဲ့အတွက် တပ်မတော်အတွင်းမှာ အစိုးရဟာသူပုန်ဘက်ပါသွားပြီ ဆိုတဲ့သံသယတွေ ပိုကြီးမားလာခဲ့ရပြီး အထက်မှာတင်ပြခဲ့တဲ့အတိုင်း မိတ္ထီလာ တပ်မှုးများညီလာခံမှာတပ်မှုးကြီးတွေရဲ့အသံတွေထွက်လာကြတာဖြစ်ပါတယ်။သင်ပုန်းချေငြိမ်းချမ်းရေး ဆိုတာ တောခိုလက်နက်ကိုင်တွေ လူသတ်မုဒိန်းကျင့်ဓားပြတိုက် ဘာရာဇဝတ်မှုတွေလုပ်ခဲ့လုပ်ခဲ့ ခွင့်လွှတ်မယ်၊အစိုးရအဖွဲ့မှာလည်း တာဝန်ပေးမယ် ဆိုတော့ အစိုးရအတွက်ဒီရန်သူတွေကို အသက်စွန့်တိုက်ပေးခဲ့ရတဲ့ တပ်မတော် သားတွေရဲ့အပေါ်မှာ ဒီလူတွေကလာအုပ်ချုပ်အုံးမယ့်ပုံဖြစ်လာတော့ဘယ်လိုမှလက်မခံနိုင်ဘူးဆိုတဲ့တပ်မတော်ဘက်ကမကျေနပ်တဲ့တပ်မှုးတွေ များလာတယ်။အစိုးရဟာသူပုန်တွေနဲ့ပေါင်းပြီးတပ်မတော်ကိုတောထဲပြန်မောင်းထုတ်တော့မယ်လို့သတင်းတွေပြန့်လာပြန်တယ်။တပ်ထဲမှာအယူအဆနှစ်မျိုးကွဲနေပြီးအာဏာသိမ်းရေးအုပ်စုနဲ့မသိမ်းရေးအုပ်စု ဖြစ်လာတယ်။မြောက်ပိုင်းတိုင်းတိုင်းမှုးနဲ့အဖွဲ့ကအာဏာသိမ်းလိုပြီးတောင်ပိုင်းတိုင်းတိုင်းမှုးအဖွဲ့ကမသိမ်းလိုဘူး။(အဲဒီအချိန်ကစစ်တိုင်းနှစ်တိုင်းပဲရှိ)
တပ်နှစ်ခြမ်းကွဲရင်တပ်ပျက်တော့မှာဖြစ်လို့ တစ်ခုခု အတူတူလုပ်ဖို့
တပ်မပြိုကွဲရေးကြားနေအုပ်စုက အကြိမ်ကြိမ်ဆွေးနွေးကြရင်းအာဏာသိမ်းဖို့ဘက်ကအားသာသွားတယ်။ပြည်ထဲရေးဝန်ကြီးဗိုလ်မင်းခေါင်ကလည်းသူ့လက်အောက်မှာရှိတဲ့စစ်ရဲတပ်ရင်းတွေပြူစောထီးတပ်တွေကိုရန်ကုန် ရွှေ့ပြီးတပ်မတော်ကိုခုခံဖို့ပြင်ဆင်တယ်။နှစ်ဘက်ပြင်ဆင်မှုတွေကြောင့် တပ်က ပြည်ထဲရေးဗိုလ်မင်းခေါင်တပ် တွေကိုအရင်တိုက်မလား၊ပြည်ထဲရေးစစ်ရဲတွေကတပ်ကိုအရင် တိုက်မလားရင်ဆိုင်ထားချိန်မှာဝန်ကြီးချုပ်ဦးနုရဲ့အာဏာလွှဲအပ်ရေးအစီအစဉ်ကြောင့်သွေးထွက်သံယိုမရှိဘဲ အာဏာလွှဲအပ်နိုင်ခဲ့တယ်။

ဒီကနေ့တပ်မတော်ရဲ့အခြေအနေကလည်း၅၈နိုင်ငံရေးကာလလိုပဲတော်တော်လေးဆင်တူနေတာကိုတွေ့နေရ တယ်။အာဏာရပါတီအစိုးရလွှတ် တော်ရဲ့အခြေခံဥပဒေနဲ့ညီမညီလက်တလုံးခြားအငြင်းပွားမှုတွေ ၊အာဏာရပါတီနဲ့တပ်မတော် သဘောထားကွဲလွဲမှုဝိရောဓိအသွင်ကနေပဋိပက္ခအသွင်ရောက်လာမှုတွေဟာ ၅၈သမိုင်းတစ်ပတ်လည် မလို ဖြစ်လာနေတယ်။အစိုးရရပ်တည်ရှင် သန်နိုင်ရေးအသက်ပေးကာကွယ်ပေးနေတဲ့ တပ်မတော်ဟာ အစိုးရရဲ့ တာဝန်ယူမှုတာဝန်ခံမှုကို မရဘဲ ပြည်တွင်းပြည်ပ အဖွဲ့အစည်းမျိုးစုံရဲ့ စွပ်စွဲပုတ်ခတ်မှုတွေကြားမှာရုန်းကန်ရပ်တည်နေရတယ်။နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကနေ နိုင်ငံတော် ကာကွယ်ရေး ကဏ္ဍတွေအထိကူးဆက်လာတဲ့အတွက်တပ်မတော်ရဲ့စိတ်ဓာတ်ရေးရာပိုင်းတွေပါထိခိုက်လာနိုင်ပြီးတိုင်းပြည်ရဲ့အချုပ်အခြာအာဏာတည်တံ့ရေးဟာစိုးရိမ်စရာအခြေအနေကို ရောက်လာတယ်။ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေဟာ တပ်မတော်ကို အကျဉ်းအကျပ်ထဲတွန်းပို့ချောင်ပိတ်ရိုက်ဖို့ဝိုင်းလုပ်ကြံနေကြသလိုဖြစ်နေ တယ်။တပ်မတော်နဲ့ အစိုးရ သဘောထားကွဲလွဲမှုကိုနိုင်ငံတကာအမည်ခံတွေကကောင်းကောင်းအသုံးချ ပြီးကွဲသထက်ကွဲအောင်ဝင်သပ်လျှို ပေးနေကြတယ်။အခု ရခိုင်ပြည်နယ်စစ်ရေး အရ ဆောင်ရွက်မှုတွေမှာ တပ်မတော်ကို ပရမ်းပတာလူကြမ်းအဖြစ်ပုံဖော်လာကြပြီးမီဒီယာပေါင်းစုံနိုင်ငံတကာအမည်ခံ ပေါင်းစုံရဲ့ဝါဒဖြန့်မှုတွေကိုနိုင်ငံတော်အစိုးရဘက်က ဘာမှထိရောက်တဲ့ တန်ပြန် ကာကွယ် ပေးနိုင်မှုမရှိခဲ့ဘူး။

၄၈ခုနှစ် လွတ်လပ်ရေးရကတည်းက ယနေ့အထိနိုင်ငံတော်အချုပ်အခြာအာဏာတည်မြဲရေးပြည်ထောင်စုမပြိုကွဲရေးကိုဘာသာပေါင်းစုံဆုတောင်းမေ တ္တာပို့ပွဲတွေနဲ့တည်ဆောက်ခဲ့တာမဟုတ်ဘူး။အသက်သွေးပောင်းများစွာ တိုက်ပွဲပေါင်းများစွာနဲ့တည်ဆောက်ခဲ့ရတာ ဖြစ်တယ်။
မြို့်ရွာတွေအများကြီးပျက်စီးခဲ့တယ်။အရပ်သားတွေအများကြီးသေခဲ့ရတယ်။ပြည်ထောင်စုမပြိုကွဲရေး၊အချုပ်အခြာအာဏာတည်မြဲရေးအတွက်စတေးရမှာပဲ။တိုက်ပွဲဖြစ်တဲ့နေရာမှာ မပျက်စီးတဲ့မြို့ရွာမသေကျေတဲ့အရပ်သားမရှိဘူး။ဒါတွေမဖြစ်ချင်ရင်စစ် မဖြစ်အောင်ရှောင်ဖို့ပဲ ရှိတယ်။
အခုရခိုင်ပြည်နယ်မှာစစ်ဖြစ်တာ၊မြို့်ရွာတွေပျက်တာ၊အရပ်သားတွေ သေရတာက AAသူပုန်ပေါ်လာလို့ပဲ။
ဒီဒုက္ခတွေမရှိစေချင်ရင်AAရခိုင်ပြည် နယ်ကပြန်ထွက်သွားဖို့ပဲရှိတယ်။
AAနောက်မှာARSAပါလာပြီး အချုပ်အခြာအာဏာပဲ့ပါသွားမှာဖြစ်သလို AAကိုယ်တိုင်ကလည်း ရခိုင့်တပ်မတော်ရခိုင်ပြည်ကိုတာဝန်ယူထားပြီလို့ နိုင်ငံတော်အစိုးရကို အတိအလင်းစိန်ခေါ်ပြီးဖြစ်တဲ့အတွက် အပြတ်တိုက်ဖို့ပဲ ရှိတော့တယ်။
ပြတ်ပြတ်သားသား ရက်ရက်စက်စက် တိုက်ရင် အဆုံးရှုံးနဲနဲနဲ့အောင်မြင်မယ်။
တွန့်ဆုတ်တွန့် ဆုတ်တိုက်နေရင် အဆုံးအရှုံးကြီးမားပြီးတိုင်းပြည်ဒုက္ခ ရောက်မယ်။
ပြည်ထောင်စုမပြိုကွဲရေး၊အချုပ်အခြာအာဏာတည်မြဲရေးအတွက် ဆိုရင် ဘာပဲလုပ်ရလုပ် ရ မှန်တယ်။လွတ်လပ်ရေးရကတည်းကခုချိန်ထိ ဘာနဲ့ တည်ဆောက်ခဲ့ရသလဲ ပြန်လေ့လာကြပါ။လက်တွေ့ဘဝမှာ လေတွေဆုတောင်းပွဲတွေနဲ့တည်ဆောက်ခဲ့လို့ တည်မြဲနေတာ မဟုတ်ဘူး။
အစိုးရနဲ့တပ်မတော်ပြတ်ပြတ်သားသား ဆုံးဖြတ် လုပ်ကြရမယ့်အချိန်ဟာ သိပ်မကျန်တော့ဘူး။ဒီလိုအခြေအနေ မှာလူ့အခွင့်အရေးလူသားချင်းစာနာမှုတွေအကြောင်းပြချည်နှောင်ပြီးတိုက်ပွဲဝင်စစ်သည် တွေရဲ့ တိုက်ခိုက်ရေး စိတ်ဓာတ်တွေကိုဇက်သတ်ထားခြင်းဟာတဖက်ရန်သူကိုအားပေးနေတာနဲ့အတူတူဖြစ်နေပါတော့တယ်။

တပ်မတော်ပြိုကွဲရင်တိုင်းပြည်ပြိုကွဲ မယ်။လွတ်လပ်ရေးရကာစ ဖဆပလခေတ်ရန်ကုန်အစိုးရ(၇)မိုင်အခေါ်ခံရတဲ့ အင်းစိန်တိုက်ပွဲတွေ ကနေ ဒီကနေ့အထိ တပ်မတော် သားတွေရဲ့အသက်ပေါင်းများစွာနဲ့ နိုင်ငံတော်လုံခြုံရေးကိုကာကွယ်ခဲ့ရ တယ်။(ဒါတပ်မတော်အလုပ်ပဲ၊ဂုဏ်ဖော်ပြောနေစရာမဟုတ်ပေမယ့် အသိအမှတ်မပြုချင်သူတွေ သိအောင်တော့ပြောရမယ်)
လက်ရှိပြည်သူလူထုတင်မြှောက်ထားတဲ့ အစိုးရ ရပ်တည်နိုင်ဖို့ အစိုးရအလုပ်တွေ လုပ်နိုင်ဖို့ ကာကွယ်ပေးနေတာ တပ်မတော်ပဲ။တပ်မတော်ရဲ့ ကာကွယ်ရေးအင်အား မတောင့်တင်းရင် ဖဆပလ ရန်ကုန် အစိုးရထက်အခြေအနေဆိုးသွားမယ်။ဒီလောက်လက်နက်ကိုင်အဖွဲ့ပေါများလှတဲ့တိုင်းပြည်မှာတပ်မတော်ရဲ့အကာအကွယ်မရတဲ့အစိုးရဘယ်လိုရပ်တည်မလဲ ဆိုတာဖြေကြည့်ကြပါ။
ဒီလိုအစိုးရနဲ့ပြည်သူလူထုကိုကာကွယ်ပေးနေတဲ့ တပ်မတော်ကို ဘာကြောင့် အင်အားချိနဲ့အောင်၊တိုက်ပွဲဝင်စိတ်ဓာတ်တွေကျဆင်း အောင် ဘက်စုံထိုးနှက်နေကြ သလဲ။
တပ်မတော်သမိုင်းတလျှောက်မှာအခုအချိန်ဟာမြေပေါ်မြေအောက်နည်းမျိုးစုံဘက်စုံအကျပ်အတည်းထဲကိုထိုးချခံနေရတဲ့အချိန်ပဲ။တိုင်းပြည်ရဲ့ အခြေအနေဟာလည်းတနေ့တခြား ၄၈/၄၉ကာလတွေဆီပြန်ဦးတည်လာ တော့ မလိုဖြစ်နေတယ်။တပ်မတော်ကတောင့်ခံနိုင်ရင်ခံ၊မခံနိုင်လို့ပြိုလဲပြီဆိုရင်တော့တိုင်းပြည်လည်း ပြိုလဲပြီပဲ။NLDမရှိလို့တိုင်းပြည်မပျက်ဘူး။ပြည်ခိုင်ဖြိုးမရှိလို့တိုင်းပြည်မပျက်ဘူး။
တပ်မတော်မရှိရင်တော့တိုင်းပြည်ပျက် ပြီ။ဒါကြောင့် တပ်မတော်ကို အကျပ်အတည်းထဲကိုအတင်းတွန်းပို့ နေသူတွေကို တိုင်းပြည်ပျက်အောင် လုပ်နေသူတွေ၊တိုင်းပြည်ရန်သူအဖြစ် သတ်မှတ် ရမယ့်အချိန်ဖြစ်နေပြီ။

၄၉နှစ်ဆန်းရန်ကုန်အစိုးရ(၇)မိုင်အစိုးရလို့လှောင်ပြောင်ခံရတဲ့ဘဝကနေ လူလက်နက်အင်အားအဆမတန်သာလွန်တဲ့ရောင်စုံသူပုန်တွေကိုနယ်စပ် တွေအထိမောင်းထုတ်နိုင်ခဲ့တယ်။အမေရိကန်ကလေယာဉ်တွေအပါအ ဝင်အပြည့်အစုံထောက်ပံ့ပြီးကျူးကျော်လာတဲ့ချန်ကေရှိတ်ရဲ့တရုပ်ဖြူတပ်တွေကိုတိုက်ထုတ်နိုင်ခဲ့တယ်။၁၉၇၁ကွမ်လုံရက်လေးဆယ်တိုက်ပွဲ၊မော်စီတုံးရဲ့ဦးထုပ်ကနေဖိနပ်အထိလူလက်နက်ခဲယမ်းပုံအောပြီးတိုက်တဲ့ဗကပကွမ်လုံမြို့သိမ်းထိုးစစ်ကိုချိုးဖျက်နိုင်ခဲ့တယ်။၈၈အရေးအခင်းမိုင်းယန်းမဲသဝေါ ထိုးစစ်တွေကို တန်ပြန်ထိုးစစ်နဲ့ ချေမှုန်းနိုင်ခဲ့တယ်။ဒါတွေဟာအားလုံးကလက်ဖျားခါအံ့သြရအောင်သမိုင်းထင်ရှားမှတ်တမ်းတင်ခံထားခဲ့ရတဲ့တပ်မတော်ရဲ့ထူးခြားတဲ့စစ်ရေးစွမ်းရည် တိုက်စွမ်းရည်တွေပဲ။ဒီလိုလူလက်နက်ခဲယမ်းအစစအရာရာသာလွန်တဲ့ရန်သူကိုအနိုင်တိုက်ပြီးတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုအကြိမ်ကြိမ်ကာကွယ်နိုင်ခဲ့ခြင်းဟာအစိုးရနဲ့တပ်မတော်တစ်စိတ်တစ်ဝမ်းတည်းရင်ဆိုင်ခဲ့ကြခြင်း၊စစ်သည်တွေတိုက်စိတ် ခိုက်စိတ်မြင့်မားအောင်မြှင့်တင်ပေးနိုင်ခဲ့ ခြင်းတွေကြောင့်သာဖြစ်တယ်။ဒီလိုအစဉ်အလာကြီးမားတဲ့တပ်မတော်ရဲ့ တိုက်စွမ်းရည်ကို ဆက်ထိန်းနိုင်ဖို့က အစိုးရနဲ့တပ်မတော်ညီညွတ်ဖို့လိုပါတယ်။အစိုးရမပြိုကွဲဖို့အတွက်တပ်မတော် မပြိုကွဲဖို့လိုတယ်။တိုင်းပြည်မပြိုကွဲဖို့ အတွက်တပ်မတော်မပြိုကွဲဖို့ လိုတယ် ဆိုတဲ့အရှိတရားကိုလက်ခံပြီးတပ်မတော်ပြိုကွဲရေးပြည်တွင်းပြည်ပလုပ်ဆောင်ချက်တွေကိုအစိုးရကရှေ့ကဦး ဆောင်ကာကွယ်ပေးဖို့လိုပါတယ်
ရခိုင်ပြည်နယ်ပြဿနာဟာအခုAAအစပျိုးမီးကိုပြတ်ပြတ်သားသားမငြှိမ်းနိုင်ရင်AA,ARSAကတဆင့်ဒုတိယကိုဆိုဗိုလိုရင်ဆိုင်ကြရတော့မယ့်အခြေအနေဟာမကြာခင်ရောက်လာနိုင်တဲ့အတွက် အထက်က ဖော်ပြခဲ့တဲ့ ပွဲကြီးတွေလို ရင်ဆိုင်နိုင်ဖို့အစိုးရနဲ့တပ်မတော်တစ်သားတည်းရှိ နေမှ ရပါလိမ့်မယ်။

တပ်မတော်ဆိုတာအင်စတီကျူးရှင်းကိုပြောတာ။တစ်ဦးတစ်ယောက်တည်း ပိုင်တဲ့ တပ်မတော်မဟုတ်ဘူး။ဗိုလ်အောင်ဆန်းပိုင်တဲ့တပ်လည်း မဟုတ်ဘူး။ဗိုလ်နေဝင်းပိုင်တဲ့ တပ်လည်း မဟုတ်ဘူး။ဗိုလ်အောင်ဆန်းတပ်လား ဗိုလ်နေဝင်း တပ်လားမေးကတည်းက အင်စတီ ကျုးရှင်းလို့မမြင်ဘဲပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့လက်ကိုင်တုတ်လို့ မြင်နေတဲ့ အမြင်မှားပဲ။နိုင်ငံအတွက်အင်အား အတောင့်တင်းဆုံးအခိုင်မာဆုံးအဖွဲ့အစည်းဟာတပ်မတော်ပဲရှိတယ်။တပ်မတော်ပြိုကွဲရင်တိုင်းပြည်ပြိုကွဲမယ်။တပ်မတော်ရဲ့နိုင်ငံရေးပါဝင်မှုကို မကြိုက်လို့ရပေမယ့်တပ်မတော်ရဲ့နိုင်ငံတော်ကာကွယ်ရေးကိုအားမပေးလို့မရဘူးဆိုတာနိုင်ငံ့အရေးလုပ်မယ့်နိုင်ငံရေးသမား တွေ နားလည်ဖို့လိုပါတယ်။လွတ်လပ်ရေးကြိုးပမ်းမှုနဲ့အတူပေါက်ဖွားလာတဲ့ တပ်မတော်၊လွတ်လပ်ရေးရချိန်ကနေအခုချိန်အထိနိုင်ငံတော်အချုပ်အခြာအာဏာတည် မြဲရေးအတွက်အသက်ပေါင်းများစွာစတေးပြီးပြည်တွင်းပြည်ပအန္တရယ်တွေကိုကာကွယ်ပေးခဲ့တဲ့တပ်မတော်ရဲ့အစဉ်အလာကောင်းတွေဟာ"တို့ခေတ်ကျမှညံ့ရတော့မှာလား"မဖြစ်ရေးအတွက်အလေးအနက်ထားပြင်ဆင်ကြရမယ့်အချိန်ရောက်နေပြီဖြစ်ကြောင်းတိုင်းပြည်အရေးအတွက်အပြုသဘောနဲ့အကြံ ပြုတင်ပြလိုက်ရပါတယ်။ ။

စစ်ငြိမ်း
၂၄.၃.၂၀၁၉
တပ်မတော်ပြိုကွဲရင် တိုင်းပြည်ပြိုကွဲမယ်.....

(Bullet Journal အတွဲ၃အမှတ်၃၉)

0 comments:

Post a Comment