Tuesday, April 30, 2019
ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာ၌ SSA (၀မ်ဟိုင်း)အဖွဲ့နှင့် SSA (ရွက်ဆစ်) အဖွဲ့တို့အတွက် ဆက်ကြေးကောက်ခံပေးနေသူအား ဆက်ကြေးငွေများ၊ စာရွက်စာတမ်းများ နှင့်အတူ ဖမ်းဆီးရမိ
April 30, 2019
No comments
ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာ၌ SSA (၀မ်ဟိုင်း)အဖွဲ့နှင့် SSA (ရွက်ဆစ်) အဖွဲ့တို့အတွက် ဆက်ကြေးကောက်ခံပေးနေသူအား ဆက်ကြေးငွေများ၊ စာရွက်စာတမ်းများ နှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဧပြီ - ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာအုပ်စု၊ နမ့်ဟူးတောင်း(အောက်)ကျေးရွာ ၌ ဧပြီ ၂၆ ရက် ညနေပိုင်းတွင် ဆက်ကြေးငွေများ ကောက်ခံနေကြောင်း သတင်းအရပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ SSA(၀မ်ဟိုင်း)အဖွဲ့နှင့် SSA(ရွက်ဆစ်)အဖွဲ့တို့မှ ဆက်ကြေးတာဝန်ခံ၊ အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေသူ စိုင်းတင်ချို၊ ၅၆ နှစ် (ဘ) ဦးသာလှိုင်အား ဆက်ကြေးကောက်ခံ ရရှိငွေကျပ် ၁၅ သိန်း၊ စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးမေးမြန်းချက်များအရ ၎င်းသည် SSA(၀မ်ဟိုင်း)အဖွဲ့နှင့် SSA(ရွက်ဆစ်)အဖွဲ့တို့အတွက် ဆက်ကြေး ကောက်ခံပေးနေသည်မှာ မှန်ကန်ကြောင်းနှင့် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၎င်းအဖွဲ့ ၂ ဖွဲ့အတွက် နှစ်စဉ်ဆန်နှင့် ငွေများကို နမ့်ဟူးတောင်းကျေးရွာအုပ်စုရှိ ကျေးရွာများမှ ကောက်ခံပေးရကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးရမိသူ ဆက်ကြေးတာဝန်ခံအား ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment