
Monday, April 22, 2019
AA အကြမ်းဖက်သောင်း ကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်၊ သောင်းကျန်းသူများထံမှ နင်းမိုင်းများနှင့် မိုင်းထောင်ရာတွင် အသုံးပြုသည့် ဓာတ် မြေသြဇာများသိမ်းဆည်းရမိ
April 22, 2019
No comments
နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများနှင့် AA အကြမ်းဖက်သောင်း ကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်၊ သောင်းကျန်းသူများထံမှ နင်းမိုင်းများနှင့် မိုင်းထောင်ရာတွင် အသုံးပြုသည့် ဓာတ် မြေသြဇာများသိမ်းဆည်းရမိ
နေပြည်တော်၊ ဧပြီ - ၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ဧပြီ ၂၁ ရက် ညနေပိုင်းတွင် နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်လုံခြုံရေးစစ်ကြောင်းများနှင့် AA အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများထံမှ နင်းမိုင်းများနှင့် မိုင်းထောင်ရာတွင် အသုံးပြုသည့် ဓာတ်မြေသြဇာများ သိမ်းဆည်း ရမိခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်၊ နယုန်တောင်ကျေးရွာအနီးဝန်းကျင်တစ်ဝိုက် တပ်မတော်လုံခြုံရေးစစ်ကြောင်း များက နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် ယင်းနေ့ ညနေ ၄ နာရီခန့်တွင် နယုန်တောင်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာနေရာ၌ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိမှ ပြန်လည်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် ရန်သူများ အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် ရန်သူ့ထံမှ ဒေသန္တရလက်လုပ်နင်းမိုင်း ၅ လုံး၊ မိုင်းထောင်ရာတွင် အသုံးပြုသည့် ဓာတ်မြေသြဇာ ၁၀ အိတ်နှင့် ပစ်ကျင်းများအားသိမ်းဆည်းတွေ့ရှိခဲ့ပြီး တပ်မတော်လုံခြုံရေးစစ်ကြောင်းများက နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment