တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Irkutsk
Aviation Plant နှင့် Irkutskမြို့ အတွင်းလှည့်လည်ကြည့်ရှုလေ့လာ
နေပြည်တော်၊ ဧပြီ - ၂၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊
Irkutsk မြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်
ယနေ့နံနက်ပိုင်းတွင် Irkutsk Aviation Plant ၌လေယာဉ်များ
ထုတ်လုပ်နေမှုအခြေအနေများအား သွားရောက် ကြည့်ရှုလေ့လာသည်။
ဦးစွာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Irkutsk Aviation Plant
သို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် Irkutsk Aviation Plant
ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လေယာဉ်များ
ထုတ်လုပ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။
ယင်းနောက်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း
လေယာဉ်များ တပ်ဆင်ထုတ် လုပ်နေမှုအခြေအနေများအားလှည့်လည်ကြည့်ရှုကြရာ
ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်း လင်းတင်ပြကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Irkutsk
မြို့အတွင်းရှိ အထင်ကရ နေရာများအား လှည့်လည်ကြည့်ရှုလေ့လာကြပြီး
အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သတင်းရရှိသည်။
Monday, April 22, 2019
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Irkutsk Aviation Plant နှင့် Irkutskမြို့ အတွင်းလှည့်လည်ကြည့်ရှုလေ့လာ
April 22, 2019
No comments
0 comments:
Post a Comment