မောင်တော-အငူမော်ကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့်
မိုင်း ၂ လုံးပေါက်ကွဲ၊ မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်သည့် AA
အကြမ်းဖက်သောင်းကျန်းသူ ၁ ဦး ဖမ်းဆီးရမိ
နေပြည်တော်၊ ဧပြီ - ၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာအနီး မောင်တော-အငူမော်
ကားလမ်းဘေး၌ ဧပြီ ၂၁ ရက် ည ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူထောင်
ထားသည့် မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုနှင့် ဆက်စပ်သည့် AA
အကြမ်းဖက် သောင်းကျန်းသူ ၁ ဦးအား မောရ၀တီကျေးရွာအတွင်းမှ
ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရ သည်။
ဖြစ်စဉ်မှာ ယင်းနေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ကိုင်းကြီးကျေးရွာ
အုပ်ချုပ်ရေးမှူး က ပေါက်ကွဲသံ ၂ ခုကြားခဲ့ရ ကြောင်း သတင်းပေးပို့ချက်အရ
တပ်မတော်လုံခြုံရေးစစ်ကြောင်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ
ကိုင်းကြီးကျေးရွာအနီး မောင်တော-အငူမော်ကားလမ်း၏ ၀ဲဘက်နှင့် ယာဘက် ၃
ပေခန့်အကွာစီတွင် အကျယ် ၄ ပေ၊ အနက် ၂ ပေခန့်ရှိ ကျင်း ၂ ကျင်းအား
တွေ့ရှိခဲ့ရပြီး ၎င်းနေရာတစ်ဝိုက်တွင် ၀ါယာကြိုးများမတွေ့ရှိရသဖြင့်
အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲသည့်ရီမုမိုင်းများ
ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကာ မိုင်းရှင်းလင်းရေး
အဖွဲ့ဖြင့် အနီးဝန်းကျင် အသေးစိတ်ရှာဖွေစစ်ဆေးခဲ့သည်။

ယင်းပေါက်ကွဲမှုနှင့်ဆက်စပ်သူများ မောင်တောမြို့နယ်၊ မောရ၀တီကျေးရွာ၌ ခိုအောင်းနေကြောင်း တည်ငြိမ် အေးချမ်းမှုကိုလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဧပြီ ၂၁ ရက် ည ၁၁ နာရီခွဲခန့်တွင် ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ မောင်တော မြို့နယ်၊ မောရ၀တီကျေးရွာနေ AA အကြမ်းဖက်သောင်းကျန်းသူ ကျော်သိန်း၊ ၂၄ နှစ် (ဘ)ဦးထွန်းလှဦး အား ဖမ်းဆီးရမိခဲ့ပြီး လိုအပ်သည်များ စစ်ဆေးမေးမြန်းလျက်ရှိသည်။
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလမှ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အတွင်း အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းများပေါ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ခဲ့သည့် အကြိမ် ၁၃ ကြိမ်၊ မိုင်း ၄၁ လုံးရှိပြီး ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် တပ်မတော်လုံခြုံရေးစစ်ကြောင်းများက လုံခြုံရေးနှင့် မိုင်းရှင်း လင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment