Saturday, April 6, 2019

စစ်တက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၃) ဒုတိယနှစ်၏ အောင်စစ်သည် အမှတ်ပေး “နယ်ကျော်အပြေး” ပြိုင်ပွဲ ကျင်းပ

စစ်တက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၃) ဒုတိယနှစ်၏ အောင်စစ်သည် အမှတ်ပေး “နယ်ကျော်အပြေး” ပြိုင်ပွဲ ကျင်းပ
Image may contain: sky, cloud and outdoor
၆ ဧပြီ ၂၀၁၉၊ ပြင်ဦးလွင်

နည်းပြများ၊ နှစ်ကြီး ဗိုလ်လောင်းများ၏ ကြီးကြပ်မှု၊ အားပေးကူညီမှုတို့နှင့် ကြိုတင်ပြင်ဆင် လေ့ကျင့်ကာ စစ်တက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၃) ဒုတိယနှစ် ဗိုလ်လောင်းတစ်ဦးချင်း၏ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကောင်းမွန်မှု၊ အချင်းချင်း စည်းလုံးညီညွတ်မှုတို့ကို မှတ်ကျောက်တင် ဆန်းစစ်သော အောင်စစ်သည် အမှတ်ပေး “နယ်ကျော်အပြေး” ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်ရာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် အရာရှိ/စစ်သည်များ၊ နှစ်ကြီး ဗိုလ်လောင်းများက တက်ရောက် ကြည့်ရှု အားပေးခဲ့သည်။

Image may contain: one or more people, people standing and outdoor ဦးစွာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးက ဒုတိယနှစ် ဗိုလ်လောင်းများကို အားပေးစကားများ မှာကြားခဲ့ပြီးနောက် ပြိုင်ပွဲကို စတင်ခဲ့သည်။ ယခုပြိုင်ပွဲသည် စစ်တက္ကသိုလ် ဗိုလ်လောင်းအားလုံး၏ ဘ၀ တစ်သက်တာ အမှတ်ရ ဂုဏ်ယူရသော ပြိုင်ပွဲတစ်ခု ဖြစ်သည့်အပြင် မိမိတို့ ဗိုလ်လောင်းတပ်ရင်း အောင်စစ်သည် ရမှတ်ကောင်းစေရေးအတွက် တစ်ဦးချင်း အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဖြင့် အားမာန်အပြည့် ကြိုးစား ယှဉ်ပြိုင်ကြပြီး ပြေးလမ်းကြောင်း တစ်လျှောက်တွင်လည်း တက်ရောက် အားပေးကြသူ ဗိုလ်လောင်းများက သောင်းသောင်းဖြဖြ အားပေးခဲ့သည်။ 
 Image may contain: 1 person, standing, outdoor and nature
ပြိုင်ပွဲအပြီးတွင် တပ်ရင်းအလိုက် အမှတ်အများဆုံးရရှိသည့် အောင်စစ်သည်ဆု၊ စံချိန် အကောင်းဆုံး တပ်ခွဲများနှင့် တစ်ဦးချင်း စံချိန်ဆု ရရှိသူများကို စစ်တက္ကသိုလ်မှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

Source: စစ်တက္ကသိုလ် သတင်းစဉ်

Image may contain: 1 person, standing, grass, outdoor and nature

Image may contain: one or more people, people standing and outdoor

Image may contain: one or more people, people standing and outdoor

Image may contain: 2 people, people standing and outdoor

Image may contain: one or more people and outdoor

Image may contain: one or more people, crowd and outdoor

Image may contain: 3 people, people standing and outdoor

Image may contain: 3 people, people standing and outdoor

Image may contain: 2 people, people standing and outdoor

Image may contain: 4 people, people standing, people walking, crowd and outdoor

Image may contain: 2 people, people standing and outdoor

Image may contain: 1 person, standing and outdoor

Image may contain: 5 people, people standing and outdoor

Image may contain: one or more people, people on stage and outdoor

Image may contain: one or more people, tree, plant and outdoor

Image may contain: 1 person, on stage, standing, crowd and outdoor

Image may contain: 13 people, people smiling, crowd and outdoor

Image may contain: one or more people, people standing, crowd and outdoor

0 comments:

Post a Comment