Wednesday, April 3, 2019

ဒီနေ့ကုသိုလ် ...

ဒီနေ့ကုသိုလ် ...

ကျွန်မ နိုင်ငံရေးဆိုတာကြီးကို နားမလည်ဘူး။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ကို ကာကွယ်ဖို့အတွက် အသက်စွန့်ထားကြတဲ့သူတွေကို ချစ်တယ်။အမှန်တကယ် လေးစားတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။... ပြန်လာကြတဲ့ စစ်သားတွေရဲ့ ကားတစ်စီးပျက်လို့ အိမ်ရှေ့မှာ နားကြရတယ်။ ကား ၉ စီး။

အမောပြေ အကြော်လေး၊ ရေနွေးကြမ်းလေးနဲ့ ဧည့်ခံမလို့ပဲ။ အကြော်ဆိုင်လဲ သူတို့အားပေးကြတာနဲ့ ကုန်ပါလေရော။
ဒါနဲ့ ကိုယ်တိုင်အပြင်ထွက် ပေါင်မုန့်ထုတ်နဲ့ အချိုရည် ပြေးဝယ်။ ကားတိုင်းကို အယောက်စေ့ မုန့်လေး အချိုရည်လေးလိုက်ဝေပေးပြီး အမှတ်တရဓာတ်ပုံရိုက်တော့ သူတို့တွေ ပျော်နေလိုက်ကြတာ။
ကြည့်ရင်းနဲ့ ကိုယ့်ဆီတောင် အပျော်လေးတွေကူးလာတယ်။
အချိုရည်တွေ မုန့်ထုတ်တွေ ၁၀၀ ဝယ်ခဲ့ပေမယ့် ပိုနေတယ်။ ပိုတာလေးတွေပါ ထည့်ပေးလိုက်တယ်။ ကိုယ်လဲ ချမ်းသာနေတဲ့သူတစ်ယောက်မဟုတ်တော့ ကိုယ့်ဘက်က ပေးနိုင်ကျွေးနိုင်တာလေးပေါ့။ တကယ်တော့ ကျွန်မပေးတဲ့ မုန့်နဲ့ အချိုရည်က တန်ဖိုးမရှိဘူးလေ။ ကျွန်မရဲ့ စေတနာကို သူတို့ အသိအမှတ်ပြုတာမြင်တော့ ဝမ်းသာပီတိဖြစ်မိပါတယ်။
ကိုယ်ရိုက်လာတဲ့ပုံလေးတွေ ပြန်ကြည့်နေချိန်မှာဘဲ ဗိုလ်ကြီးလား ဗိုလ်လားတော့မခေါ်တတ်ဘူး အကိုတစ်ယောက်က အမရိုက်ထားတဲ့ပုံတွေ ကူးချင်လို့ပါတဲ့။
သူတို့စစ်သားတွေကို တကယ်ချစ်ကြတဲ့သူတွေရှိနေသေးပါ့လားတဲ့။ ဝမ်းသာလို့ပါ အမရယ် လို့ပြောလာတဲ့စကားလေးကြားလိုက်ရတော့ ရင်ထဲမှာ ဆို့နင့်သွားမိပါတယ်။ အရမ်းလဲ စိတ်မကောင်းလဲ ဖြစ်သွားရတယ်။

ကိုယ့်တိုင်းပြည်ကို ရှေ့တန်းကနေ အသက်စွန့်ကာကွယ်နေကြရတဲ့သူတွေရဲ့ ရင်ထဲက စကားတဲ့လားကွယ်။ကျွန်မ အမျိုး ဘာသာ သာသနာနဲ့ ကိုယ့်တိုင်းပြည်ကို တတ်နိုင်စွမ်းတဲ့ဘက်က ကာကွယ်နေတဲ့သူတိုင်းကို ချစ်တယ်။

#Credit...Aye Chan Myae

Image may contain: 4 people, people smiling, people standing

Image may contain: 1 person

Image may contain: one or more people and outdoor

Image may contain: 1 person, standing and outdoor

 

0 comments:

Post a Comment