" စစ်သား နဲ့ သင်္ကြန် "
*****************
မြန်မာမှန်ရင်
သင်္ကြန်ကို ချစ်တတ်တာမို့
စစ်သားလည်း ပုထုဇဉ်ပီပီ
သင်္ကြန်မှာ ပျော်ချင်ရှာမှာပေါ့
တစ်နှစ်မှတစ်ခါထူးတဲ့
မြန်မာ့ ရိုးရာ နှစ်သစ်ကူးမို့
တူးပို့ တူးပို့ တေးသံ ကြားမှာ
သူတို့လည်း မြူး ချင်ရှာမှာပေါ့
အများပြည်သူတွေ
ရေကစားလို့ ပျော်ပါးနေသလို
စစ်မြေစခန်းက ပြည်ချစ်သားတွေ
ဇာတိဌာနေကို လွမ်း နေရှာမှာပေါ့
အခုများတော့လေ
ဒီမြန်ပြည် မအေးချမ်းတာမို့
မှိုင်းညို့ညို့ တောင်တန်းတွေကြားမှာ
သူတို့တွေ တူးပို့သံလည်း မကြားရရှာဘူး
အခုများတော့လေ
အတ္တမီးတွေ မငြိမ်းသေးတာမို့
အတာကူးတဲ့ လတန်ခူးပေမယ့်လည်း
သူတို့တွေ ရေစင်ဖျန်းလို့ မလန်းနိုင်ရှာဘူး
အခုများတော့လေ
ပိတောက်တွေပွင့်တဲ့ ဒီသင်္ကြန်မှာ
စစ်ကစား နေရတဲ့ ပြည်ချစ်သားတွေ
ဘေးရန်ကင်းစေကြောင်း ဆုမွန်တောင်းရင်း
မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေတော့လို့သာ
#Credit
*****************
မြန်မာမှန်ရင်
သင်္ကြန်ကို ချစ်တတ်တာမို့
စစ်သားလည်း ပုထုဇဉ်ပီပီ
သင်္ကြန်မှာ ပျော်ချင်ရှာမှာပေါ့
တစ်နှစ်မှတစ်ခါထူးတဲ့
မြန်မာ့ ရိုးရာ နှစ်သစ်ကူးမို့
တူးပို့ တူးပို့ တေးသံ ကြားမှာ
သူတို့လည်း မြူး ချင်ရှာမှာပေါ့
အများပြည်သူတွေ
ရေကစားလို့ ပျော်ပါးနေသလို
စစ်မြေစခန်းက ပြည်ချစ်သားတွေ
ဇာတိဌာနေကို လွမ်း နေရှာမှာပေါ့
အခုများတော့လေ
ဒီမြန်ပြည် မအေးချမ်းတာမို့
မှိုင်းညို့ညို့ တောင်တန်းတွေကြားမှာ
သူတို့တွေ တူးပို့သံလည်း မကြားရရှာဘူး
အခုများတော့လေ
အတ္တမီးတွေ မငြိမ်းသေးတာမို့
အတာကူးတဲ့ လတန်ခူးပေမယ့်လည်း
သူတို့တွေ ရေစင်ဖျန်းလို့ မလန်းနိုင်ရှာဘူး
အခုများတော့လေ
ပိတောက်တွေပွင့်တဲ့ ဒီသင်္ကြန်မှာ
စစ်ကစား နေရတဲ့ ပြည်ချစ်သားတွေ
ဘေးရန်ကင်းစေကြောင်း ဆုမွန်တောင်းရင်း
မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေတော့လို့သာ
#Credit
0 comments:
Post a Comment