ဖားကန့်မြို့နယ်၊ ဘန်ကောက်ကျေးရွာရှိ ရွာသားလေးဦးအား ကေအိုင်အေ အဖွဲ့မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်
နေပြည်တော် ဧပြီ ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ဘန်ကောက်ကျေးရွာနေ ဦးဖော်လီဆာ၊ မောင်နော်လီဒွေ့၊ ဦးဒီယော်ဆာနှင့် မောင်ဖူယော်ဒွေ့တို့ လေးဦးသည် မတ် ၄ ရက်တွင် ကျေးရွာအနီးရှိ နွမ်နချောင်းဖျား၌ ရွှေတူးဖော် လုပ်ကိုင်လျက်ရှိစဉ် မတ် ၁၁ ရက်တွင် ကေအိုင်အေအဖွဲ့မှ အင်အား ၂ဝ ဦးခန့်က လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိလာပြီး ၎င်းတို့လေးဦးအား တနိုင်းယန်နေရာသို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် ၎င်းတို့လေးဦးအနက်မှ ဦးဖော်လီဆာသည် မတ် ၂၁ ရက်တွင် တနိုင်းယန်မှ တောလမ်းအတိုင်း ပြန်လည်ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး ကေအိုင်အေ အဖွဲ့၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ဒဏ်ရာများရရှိခဲ့ရာ မတ် ၃၁ ရက်တွင် မြစ်ကြီးနားမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment