ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်
(၁၃၈၁ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်)
(၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်)
၁။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပြီး ဖြစ်သည်။
၂။ အထက်ပါ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးရပ်ဆိုင်းပြီး အပစ်အခတ် ရပ်စဲရေး ကာလအတွင်း NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများမှလည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့ ဆွေးနွေးကြရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော KIA၊ TNLA နှင့် MNDAA တို့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)အား လက်မှတ်ရေးထိုးနိုင်သည်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆက် လက်ဆွေးနွေး ဆောင်ရွက်နိုင်ရေး အပစ်အခတ်ရပ်စဲရေးကာလအား ထပ်မံတိုးမြှင့်ပေး ရန် တောင်းဆိုလာခဲ့သည်။
၃။ သို့ဖြစ်၍ တပ်မတော်အနေဖြင့် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ တောင်းဆိုချက်အရ ထာဝရငြိမ်းချမ်းရေးရရှိစေရေး ဦးတည်လျက် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်အား ပိုမိုထိရောက်စွာ ဆက်လက်ဆောင်ရွက်နိုင်ရန် အထက်ဖော်ပြပါ တိုင်းစစ်ဌာချုပ်နယ်မြေများ၌ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန် ကြေငြာအပ်ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment