Monday, April 22, 2019

မောင်တောမြောက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများမှ နယ်ခြားစောင့်ရဲကားတစ်စီး မိုင်းခွဲတိုက်ခိုက်

Image may contain: outdoor and nature



ချလူးအောင် / DMG
ဧပြီလ ၂၂ ၊ မောင်တော

မောင်တောမြို့နယ် မြောက်ပိုင်း လိပ်ရကျေးရွာနှင့်သဲချောင်းကျေးရွာအကြားတွင် ယနေ့ ဧပြီလ ၂၂ ရက်နေ့က နံနက်ပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များစီးနင်းလိုက်ပါလာသည့် ကားတစ်စီး မိုင်းခွဲ တိုက်ခိုက်ခံရသည်ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကျီးကန်းပြင်ကွပ်ကဲရေးဌာနချုပ်မှ အရာရှိတစ်ဦးကပြောသည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး AA အကြမ်းဖက်သောင်းကျန်းသူများမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ထိခိုက်ဒဏ်ရာရတာက နည်းနည်းပါ။ မိုင်းအစထိတာပါ။ မပြောပြလောက်တဲ့ဒဏ်ရာပါ ။ ကားကတော့ပျက်စီးမှုရှိပါတယ်” ဟု ကျီးကန်းပြင်ကွပ်ကဲရေးဌာနချုပ်မှ အရာရှိတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ရဲတပ်ဖွဲ့ဝင်ကားများ မကြာခဏမိုင်းခွဲတိုက်ခိုက်ခံရမှုများရှိလာပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းပိုင်းကလည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များစီးနင်းလိုက်ပါလာသည့်ကားကို ARSA အဖွဲ့က တိုက်ခိုက်ခဲ့သည်။

0 comments:

Post a Comment