Monday, April 8, 2019

"စစ်သား ဟူသည်"


"စစ်သား ဟူသည်"
===============

အသားမည်းတယ်
တစ်ချို့ သွားကျဲတယ် ။

အာမီ ရမ် စွဲတယ်
ဖက်ကြမ်း ခဲတယ်။

ရုပ်ကြမ်းတယ် အလွမ်းရင့်တယ်
အချစ်ကြမ်းတယ် အသည်းနုတယ်။

ဆေးလိပ်တစ်လိပ် ရှိရင်
သူငယ်ချင်း လေးယောက်လောက် မျှသောက်တယ် ။

ကွမ်းတစ်ယာရှိရင် တစ်ယောက်
တစ်ဝက်ဝေစားတယ်။

ရေတစ်ခွက် ရှိရင်
တစ်ယောက်တစ်စက်လောက်ပဲ
ဖြစ်ဖြစ် မျှသောက်တယ် ။

သေရဲသတ်ရဲ
တောပုန်းအထာ ရုပ်ကြမ်းကြမ်းနဲ့
စစ်သား ဆိုတဲ့ကောင် တွေ …

အဲဒီကောင်တွေ …
ကျည်ဆံကုန်ရင် လှံစွပ်နဲ့ ထိုးမယ့်ကောင်တွေ …
လှံစွပ် ကျိုးရင် လက်သီးနဲ့ထိုးမဲ့ကောင်တွေ
ရန်သူ ကို နေလို မီးလို ကျင့်တဲ့ကောင်တွေ …

အဲဒီကောင်တွေရဲ့ အသည်းက တော့ နုသဗျ …

အဲဒီလူကြမ်းစိတ်ကြမ်းကောင်တွေက
ချစ်ပြီ ဆိုရင်လည်း …

ချစ်သူ မျက်စောင်းထိုးရင်တောင်
တစ်ပါတ် လောက် အိပ်မပျော်တဲ့
ကောင်တွေ...

အချစ်ခံရတဲ့သူ
သောက်မြင်ကပ်လောက်အောင်ကို ချစ်တာ ။

မထင်ရလောက်အောင် ချစ်တတ်တာ

ရုပ်ကြမ်းတယ် ဆိုပြီး
သွားတော့ မစမ်းနဲ့
သူပုန် အသည်း အရက်နဲ့
မြည်းမဲ့ကောင်တွေ....

နိုင်ငံ အတွက်
သွေးတစ်စက် ကျန်တဲ့အထိ
ကာကွယ် နေမဲ့ ကောင်တွေ

အဲ့ဒီလူတွေကို စစ်သားလို့ခေါ်ကြတယ်။ ။

.
Credit**ကပ္ပတိန် ဝန.....

0 comments:

Post a Comment