မေ့မရတဲ့ ဟန်းကောဂျိုင့်😊

ဒီဟန်းကောဂျိုင့်လေးမြင်တော့
ငယ်ငယ်ကစစ်တပ်ထဲနေခဲ့
ရတဲ့အချိန်တွေကိုပြန်သတိရမိတယ်
စစ်သားမှ ဟန်းကော
သုံးရတာမဟုတ်ဖူး စစ်သား သားသမီးတွေလည်း
ဟန်းကော သုံးခဲ့ကြရတယ် ကျောင်းသွားလို့
အရပ်ထဲက သူငယ်ချင်းတွေက
ထမင်းဗူးလှလှလေးတွေနဲ့ ထုပ်လာရင်
အားကျမိတယ် သူတို့အဖေက အရပ်သားမို့
ဒီလို ဗူးလှလှလေးတွေ ကိုင်ရတာလို့
တွေးခဲ့မိတယ် အားကျမိခဲ့တယ်
အဖေတို့ ရှေ့တန်းထွက်ရမဲ့ညက
ကိုယ့်တပ်စုနဲ့ကိုယ် ထမင်းချက်ကြတော့
ခုလိုပဲ ဟန်းကောတွေဝါးတန်းလေးနဲ့စီချိတ်ပြီး
ချက်ကြတာ ဆန်ကစီး ဂျိုင့်နဲ့မဆန့်တော့
ထမင်းကအခဲလိုက်ပုံမပျက်ပြန်ထွက်လာတယ်
အဖေကပြောဖူးတယ် ရှေ့တန်းမှာဆို
ဓါးလှီးထမင်းနဲ့ တောငှက်ပျောအူ
မျောက်ဥပြုတ်က စစ်သားတွေအတွက်တော့
နတ်သုဒ္ဓါ ပဲတဲ့တိုက်ပွဲဖြစ်လို့ ကျည်မှန်တာတောင်
ရေဗူးခံနေလို့ ဟန်းကောခံနေလို့
ဒဏ်ရာပြင်းပြင်းထန်ထန်မရခဲ့တာလို့ပြန်ပြောပြတော့
အရင်လို ထမင်းဗူးလှလှလေး ဝယ်ပေးဖို့
မပူစာတော့ဘူး ခုတော့လည်း
စစ်ရေဗူးနဲ့ ဟန်းကောဂျိုင့်လေးကိုသုံးရလို့
မျက်နှာငယ်တယ်ဆိုတဲ့ အတွေးမရှိတော့ပါဘူး
စစ်သား သားသမီးတစ်ယောက် ဟန်းကောဂျိုင့်လေးနဲ့
ထမင်းထုပ်ခဲ့ရတာကို ဂုဏ်ယူတတ်ပါပြီ
လေးစားတတ် ချစ်တတ်ခဲ့ပါပြီ အဖေ
တပ်မတော်သားအားလုံးကို
ချစ်ခင်လေးစားလျက်ပါ😍😘
Su Lae Naing
0 comments:
Post a Comment