Friday, April 5, 2019

ခဗျား တို့ သိစေချင်တာ


ခဗျား တို့ သိစေချင်တာ
=================

တပ်​မ​တော်​မှာ, အိမ်​​ထောင်​သည်​ စစ်​သည်​တစ်​ဦး ကျဆုံးလျင်​ ကျဆုံးစစ်​သည်​ရဲ့ မိသားစုဝင်​​တွေကို တပ်​ရင်းမှူးက​တော်​က သတင်း​ပေးရပါတယ်​--
အဲ့လိုသတင်း​ပေးတာနဲ့အတူ
မိသားစုဝင်​​တွေရဲ့ အပူ​သောက​တွေကို ​ဖြေသိမ့်​​ပေးရင်း အား​ပေးစကား​ပြောရတယ်​--
ဒါ​ကြောင့်​ စစ်​ဆင်​​ရေးကာလ​တွေမှာ ကိုယ်​​နေတဲ့ လိုင်းထဲကို တပ်​​ရင်းမှူးက​တော်​ လာမှာကို စစ်​သည်​မိသားစုဝင်​​တွေ အလွန်​အင်​မတန်​စိုးရိမ်​ ကြပါတယ်​--

တပ်​ရင်းမှူးက​တော်​ ကားသံကြားရင်​ကို ရင်​ထဲမှာ တထိတ်​ထိတ်​နဲ့ ဖြစ်​​နေတဲ့ စစ်သည်မိသားစုဝင်တွေ ကိုယ်​​နေတဲ့ လိုင်းထဲ ဝင်​လာပြီဆိုရင်​​တော့ စိုးရိမ်​စိတ်​ဟာ အပြင်းထန်​ဆုံး ဖြစ်​​နေတဲ့အချိန်ပါ--

တပ်​ရင်းမှူးက​တော်​ ကားရပ်​တဲ့ အိမ်​ရဲ့မိသားစုဟာ အပူ​သောကများပီး သတိလစ်​သွားတဲ့ အထိဖြစ်​ ကြပါတယ်
ကိုယ့်​အ​ဖေ ဆုံးရှုံးသွားတာကို မသိပဲ ကိုယ့်​အိမ်​​ရှေ့လာရပ်​တဲ့ ကားကိုပဲ အံ့ဩစွာ လှည့်​ပတ်ကြည့်နေပီး "အမေ ဘာဖြစ်လို့ ငိုနေတာလဲ" လို့ မေးတဲ့မေးခွန်းက
မိခင်ဖြစ်သူအတွက် ဘယ်လိုဖြေရမလဲ--

နောက် တီးတိန်​က တပ်​ရင်းတစ်​ရင်း ကချင်​ပြည်​နယ်​မှာ ဆွဲမိုင်းမိပီး စစ်​သည်​ အ​ယောက်​ ၄၀ လောက် တခါထဲ ကျဆုံးသွားလို့ ​နောက်​တန်းမှာ အရူးမီးဝိုင်း ကမ္ဘာပျက်​ခဲ့ ကြတဲ့ မိသားစု​ဝင်တွေ--

ငြိမ်းချမ်း​ရေးကို ခင်ဗျားတို့ထက် ကျုပ်တို့ စစ်သည်မိသားစုဝင်တွေကသာ အလိုလားဆုံးပါ
ဒါမျိုး ကြုံဖူး ​တွေ့ဖူး ခံစားဖူးတဲ့ တနေ့
တပ်​နဲ့ တပ်​မိသားစုဝင်တွေ အ​ပေါ်
ခင်ဗျားတို့ နားလည်​လာပါလိမ့်​မယ် !

credit-

0 comments:

Post a Comment