Monday, April 29, 2019

ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းများ ထပ်မံ ထောင်ထားကြောင်း သတင်းအရ တပ်မတော်မှ မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် မိုင်းရှင်းလင်း၊ ဒေသန္တရလက်လုပ်မိုင်း ၃ လုံး တူးဖော်ရရှိ


ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းများ ထပ်မံ ထောင်ထားကြောင်း သတင်းအရ တပ်မတော်မှ မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် မိုင်းရှင်းလင်း၊ ဒေသန္တရလက်လုပ်မိုင်း ၃ လုံး တူးဖော်ရရှိ

နေပြည်တော်၊ ဧပြီ - ၂၉

ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၊ ကျောက်တော်-မြောက်ဦး လမ်းပိုင်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ ဧပြီ ၁၅ ရက် ညနေပိုင်း၌ AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသော ဒေသန္တရလက်လုပ်မိုင်း ၃ လုံးအား တူးဖော်ရရှိခဲ့ကြောင်း ဧပြီ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် သတင်းထုတ်ပြန် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
အဆိုပါနေရာအနီးတစ်ဝိုက်၌ AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းများ ထပ်မံထောင်ထားကြောင်း သတင်းအရ တပ်မတော်လုံခြုံရေးစစ်ကြောင်းများမှ မိုင်းရှင်း လင်းရေးအဖွဲ့များဖြင့် မိုင်းရှင်းလင်းခဲ့ရာ ယနေ့ ဧပြီ ၂၉ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မဟာမုနိဘုရားကြီးလမ်းဆုံအနီး ကျောက်တော်-မြောက်ဦးကားလမ်း၏ ယာဘက် ၂ ပေခန့်အကွာ၌ အချင်း ၆ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်း ၂ လုံးအားလည်းကောင်း၊ ၎င်းနေရာ၏ မြောက်ဘက် မီတာ ၂၀ ခန့် အကွာ၌ အချင်း ၆ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ ဒေသန္တရလက်လုပ်မိုင်း ၁ လုံးအား လည်းကောင်း ရှာဖွေတွေ့ရှိသဖြင့် ဘုရားဖူးလာခရီးသွားပြည်သူများအန္တရာယ်မဖြစ်စေရေး စနစ်တကျသက်မဲ့ပြုလုပ် မိုင်းရှင်း လင်းပြီးဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်၍ ရခိုင်ပြည်နယ်အတွင်းရှိ အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းများ ပေါ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်သည့်အကြိမ် ၁၅ ကြိမ်၊ မိုင်း ၄၆ လုံးရှိပြီး တပ်မ တော်လုံခြုံရေးစစ်ကြောင်းများက အများပြည်သူအန္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment