Sunday, April 28, 2019
KIA အဖွဲ့ဝင် ၄ ဦးနှင့် TNLA အဖွဲ့ဝင် ၇ ဦး လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်
April 28, 2019
No comments
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကြေညာထား သည့်ကာလအတွင်း ငြိမ်းချမ်းစွာနေထိုင်ရခြင်း၏ အနှစ်သာရကို သိရှိနားလည် လာကြသဖြင့် မူဆယ်မြို့နယ်၌ KIA အဖွဲ့ဝင် ၄ ဦးနှင့် TNLA အဖွဲ့ဝင် ၇ ဦး လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်
နေပြည်တော်၊ ဧပြီ - ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိသည့် တပ်မတော်စခန်းများသို့ ဧပြီ ၂၇ ရက်နံနက်ပိုင်းတို့တွင် KIA အဖွဲ့ဝင် ၄ ဦးနှင့် TNLA အဖွဲ့ဝင် ၇ ဦး လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ၀င်ရောက်လာခဲ့ကြောင်း သိရှိရသည်။
ကနဦးမေးမြန်းချက်များအရ ၎င်းတို့အနေဖြင့် တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်း ရေးအတွက် ထုတ်ပြန်ချက်ကြေညာထားသည့်ကာလအတွင်း ငြိမ်းချမ်းစွာနေထိုင်ရခြင်း၏ အနှစ်သာရကို သိရှိနားလည်လာကြခြင်း၊ ထာဝရငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ်ဆန္ဒရှိလာခြင်း၊ ၎င်းတို့၏ ဆန္ဒများကို လက်နက်စွဲကိုင်ပြီး တောင်းဆိုခြင်းဖြင့် အကျိုးမရှိနိုင်ခြင်းကိုသိရှိလာခြင်း၊ တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထု ဆင်းရဲဒုက္ခရောက်နေရသည်ကို တွေ့မြင်နေရသဖြင့် ဆက်လက်တိုက်ပွဲဝင်လိုစိတ်မရှိ တော့ခြင်း၊ တရားဥပဒေဘောင်အတွင်း တည်ငြိမ်အေးချမ်းစွာနေထိုင်လိုခြင်းတို့ကြောင့် လက်နက်ငယ်မျိုးစုံ ၉ လက်၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင်အတွင်း ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဆက်လက် ၍လည်း ၎င်းတို့၏ အဖွဲ့များအတွင်း အခြေအနေ ပေးပါက တရားဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက် လိုသူများ အများအပြားရှိကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ၀င်ရောက်လာခဲ့ကြသူများအား တာဝန်ရှိသူများက လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment