Saturday, April 6, 2019

တပ်မတော်သား(အမျိုးသား၊ အမျိုးသမီး)တို့နှင့် အိမ်ထောင်ပြုမည်ဆိုပါက လိုအပ်ချက်များ


တပ်မတော်သား(အမျိုးသား၊ အမျိုးသမီး)တို့နှင့် အိမ်ထောင်ပြုမည်ဆိုပါက လိုအပ်ချက်များ

Image may contain: 1 person, smiling
၁။ HIV၊ အသည်းရောင်အသားဝါ (B,C) နှင့် အခြားကူးစက်ရောဂါကင်းရှင်းကြောင်း ဆေးရုံကြီးတစ်ခုခုမှ ထောက်ခံစာ၊
၂။ မိဘအုပ်ထိန်းသူသဘောတူညီကြောင်း ထောက်ခံစာ၊
၃။ အိမ်ထောင်ဘက်၏ ကိုယ်တိုင်သဘောတူညီကြောင်း ထောက်ခံစာ၊
၎။ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာ၊
၅။ သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ၊
၆။ အိမ်ထောင်ဘက်သည် အပျို၊ လူပျိုမဟုတ်ဘဲ အိမ်ထောင်ကျဖူးပြီး အိမ်ထောင်ကွဲဆိုပါက ကွာရှင်းစာချုပ်၊ အရင်အိမ်ထောင်ဘက် ဆုံးပါးခဲ့ပါက သေဆုံးကြောင်း ထောက်ခံစာ၊
၇။ အိမ်ထောင်ဘက်မှတ်ပုံတင်၊ အိမ်ထောင်ဘက်၏ မိဘအုပ်ထိန်းသူမှတ်ပုံတင်၊
၈။ ဓာတ်ပုံ (ဆံပင်နောက်ကိုစုပြီး စည်းထားကာ နားကပ်မပါ၊ ဆွဲကြိုးမပါ မျက်နှာပြောင်ရှင်းလင်းပြတ်သားကာ ရင်ဖုံး သို့မဟုတ် တိုက်ပုံဖြင့် အဖြူအမည်းကာလာဖြင့်)၊
၉။ အိမ်ထောင်ဘက်၏ ကိုယ်ရေးအချက်အလက်၊
၁၀။ စစ်မှုထမ်းကိုယ်တိုင်ရေးသားသော လက်ထပ်ခွင့်ကိုယ်ရေးလျှောက်လွှာအား မိမိတပ်မှူး၊ သက်ဆိုင်ရာ အုပ်ချုပ်သူအား တင်ပြကာ ခွင့်ပြုချက်ယူရမည်။

ထို့နောက် တပ်မှူးခွင့်ပြုချက်ရပါက မိမိတို့ လက်မှတ်ထိုးမည့် သက်ဆိုင်ရာမြို့နယ်တရားသူကြီးရုံးထံ မိမိ၏တပ်မှ အကြောင်းကြားစာ (အပေါ်စာ) ရယူပြီးနောက် အရပ်ဘက်တရားရုံးတွင် လက်ထပ်ထိမ်းမြား လက်မှတ်ရေးထိုးရမည်။

၁၁။ လက်ထပ်စာချုပ်ရိုးရိုးမူရင်း၊
၁၂။ ဖြစ်စဉ်ထွက်ရန်အတွက် လျှောက်လွှာ (အမွေစားအမွေခံ နေရာတွင် မိဘဖြစ်သူအစား စစ်မှုထမ်းဖြစ်သူ၏ အိမ်ထောင်ဘက်အမည်အား ပြောင်းလဲဖြည့်သွင်း) တင်ပြရမည်။

အရာရှိနှင့် အခြားအဆင့် စစ်မှုထမ်း ကွဲပြားမှု မရှိဘဲ ဖြစ်စဉ်ပို့ရန် မိတ္တူအပိုတစ်စုံ သာ ကွာခြားသည်။ ကဲ ယူချင်ဦး စစ်မှုထမ်းကို.... ဒါတွေက အစပဲ ရှိသေးတယ်ဆိုတာ သိပါ။ တကယ်တော့ စစ်မှုထမ်းတွေနဲ့ အိမ်ထောင်ဘက်ဖြစ်ဖို့က တိမ်မယောင်နဲ့ နက်နဲပါတယ်။ တကယ်နှစ်နှစ်ကာကာချစ်မြတ်နိုးပြီး နားလည်မှုတွေနဲ့အတူ ပါရမီဖြည့်နိုင်သော သူ ဖြစ်ရန်က အရေးကြီးပါတယ်။ ပေါ်ကြော့၊ လက်ကြောမတင်းသော ခပ်ချေချေ အိမ်ထောင်ဘက်များနှင့် မကိုက်ချေ။ ထို့ကြောင့်ပင် စစ်မှုထမ်းများ၏ အိမ်ထောင်ဘက်များသည် အချိုးပြေကြသူ များလေသည်။

မာရီယို
#MarioMoeset

0 comments:

Post a Comment