မင့်လေထီးကို ဘယ်သူပြင်ဆင်ပေးလိုက်တာလဲ…
-------------------------
တစ်ခါတုန်းက…
အမေရိကန် တိုက်လေယာဉ်တစ်စင်းဟာ ဗီယက်နမ် စစ်ပွဲအတွင်းမှာ ပစ်ချခံရပါတယ်…
ဒါပေမယ့် လေယာဉ်မှုးကတော့ အသက်မသေပဲ… လေထီးနဲ့ ခုန်ထွက်နိုင်ခဲ့ပါတယ်…
လေယာဉ်မှုးနာမည်ကတော့ ချာလီပလန့်ပါ….
သူကံကောင်းစွာနဲ့ မြေပြင်ကို အသက်မသေပဲ ဆင်းသက်နိုင်ခဲ့ပေမယ့်….
သူဆင်းသက်ခဲ့တဲ့ နယ်မြေဟာ ရန်သူ ဗီယမ်နယ်မြေ ဖြစ်တာကြောင့်… ဗီယက်နမ်
ကွန်မြူနစ်ထောင်ထဲမှာ ခြောက်နှစ်ကျော်နေခဲ့ရပါတယ်
နောက်တော့ သူဟာ ဗီယက်နမ် ကွန်မြူနစ်ထာင်ကနေ လွတ်မြောက်လာပြီး… အမေရိကန်မှာ သူရဲကောင်းအဖြစ် အသိမှတ်ပြုခံခဲ့ရပါတယ်…
နှစ်တွေအများကြီးကြာခဲ့ပြီး
သူစားသောက်ဆိုင်မှာ ထိုင်နေတုန်း… လူတစ်ယောက်က သူ့ကို လာနုတ်ဆက်တယ်…
မင်းနာမည် ပလန့်မဟုတ်လား…. ဗီယမ်နမ် စစ်ပွဲမှာ လေယာဉ် ပစ်ချခံပြီး… အသက်မသေပဲ ဗီယက်နမ်တွေ လက်ထဲ ရောက်သွားတဲ့ တစ်ယောက်လေဆိုတော့….
ဟုတ်ပါတယ်… မင်းဘယ်လိုသိတာလဲလို့မေးလို
အေးငါက… မင်းခုန်ချတဲ့ လေထီးကို ပြင်ဆင်ပေးခဲ့တဲ့ သူပဲတဲ့…
အဲဒီအချိန်မှာ ပိုက်လော့ဟောင်း ပလန့်ဟာ ရုတ်တရက် အံ့သြသွားပြီး… အဲဒီလူရဲ့
လက်ကို ဆွဲကိုင်လိုက်တယ်… ကျေးဇူးတင်တဲ့ အကြည့်မျိုးနဲ့ပေါ့…
အဲဒီလူက ဆက်ပြောတယ်… ဘယ်လိုလဲ ငါပြင်ပေးခဲ့တဲ့ လေထီးက အဆင်ပြေခဲ့တယ်မဟုတ်လားတဲ့လေ
အဲဒီတော့ ပိုက်လော့ ပလန့်က ပြန်ပြောလိုက်တယ်… သေချာတာပေါ့…
မင်းကောင်းကောင်း ပြင်ဆင်ပေးခဲ့တဲ့ လေထီးကြောင့်တာ ငါဒီအချိန်မှာ
အသက်ရှင်နေတာပါ… မဟုတ်ရင် ငါဒီအခုအချိန်မှာ အသက်မရှိနိုင်တော့ပါဘူး….
အဲဒီလူနဲ့တွေ့ပြီးတဲ့ညမှာတေ
သူအိမ်ယာထဲရောက်တဲ့ အချိန်မှာ အတိတ်က အကြောင်းကို ပြန်စဉ်းစားကြည့်တယ်….
သူ့လေထီကို ပြင်ဆင်ပေးခဲ့တဲ့ သူဟာ… သူစစ်တပ်ထဲမှာ ရှိနေချိန်တုန်းက
ဘယ်လိုပုံစံမျိုးဖြစ်လေမလဲ…
ဦးထုတ်အဖြူရောင်လေးကို ဆောင်းထားမယ်… နေဗီဝတ်စကုတ်ကို ဝတ်ထားမယ်… ခေါင်းလောင်းလို ဘောင်ဘီရှည်ကြီးကို ဝတ်ထားမယ်….
သူကို မမှတ်မိဘူးဆိုပေမယ့် သေချာတာကတော့ သူနဲ့ ပလန့်ဟာ… စစ်တပ်တစ်ခုထဲမှာ
အတူတူ ရှိခဲ့တာမို့ မကြာခဏဆိုသလို မြင်တွေ့နေရမှာ သေချာပါတယ်… ဒါပေမယ့်
သူ့ကို တစ်ခါမှ Good Morning, How are you လို့တောင် နုတ်မဆက်ခဲ့ဖူးပါဘူး…
ဘာဖြစ်လို့လဲဆိုတော့… ပလန့်ဟာ စစ်တပ်ထဲမှာ တိုက်လေယာဉ်မောင်းတဲ့ အရာရှိဖြစ်ပြီး… သူဟာ သာမန်စစ်သားလေး တစ်ယောက်ဖြစ်နေလို့ပါ…
သေချာပြန်စဉ်းစားကြည့်တော့…
လေယာဉ်တင် သင်္ဘောပေါ်က သစ်သားစားပွဲရှည်ကြီးပေါ်မှာ
အခု
ကျွန်တော်တို့ကိုယ်ကျွန်တော
မင့်လေထီးကို ဘယ်သူက ပြင်ဆင်ပေးခဲ့တာလဲ….
မင်ရဲ့ နေ့စဉ့်ဘဝကို ကယ်တင်ခဲ့ဖူးတဲ့လူတွေ… မင့်ဘဝကို ပိုကောင်းအောင်လုပ်ပေးခဲ့ဖူ
မင်းဘဝကြီး ဇောက်ထိုးကျသွားချိန်မှာပေ့
ဇောက်ထိုးကျသွားတဲ့ မင့်စိတ်ဓာတ်တွေကို လေထီးတပ်ပေးခဲ့လူတွေ…. မင့်ရဲ့
ရုပ်ပိုင်းဆိုင်ရာတွေအတွက် လေထီးတပ်ပေးခဲ့တူတွေ… ကျိုးပဲ့သွားတဲ့
မင့်ရည်မှန်ချက်တွေကို လေထီးတပ်ပေးခဲ့တဲ့လူတွေ….
နေ့စဉ်ဘဝမှာ… မင့်စိတ်ဓာတ်တွေ… မင့်ကျရှုံးမှုတွေအတွက်… လေထီးတပ်ကူညီပေးတဲ့ လူတွေရှိနေပေမယ့်… ငါတို့မှာ မေ့နေတာ တစ်ခုရှိတယ်….
သူတို့ကို ကျေးဇူးတင်ကြောင်း ပြောဖို့ မေ့နေတတ်တယ်… သူတို့ကို ဟယ်လိုလို့
နုတ်ဆက်ဖို့တောင် မေ့နေတတ်တယ်… သူတို့ကို ဂုဏ်ပြုစကားလေးတစ်ခု ပြောပေးဖို့
မေ့နေကြတယ်…
ဒီနေ့ကစပြီး အချိန်လေးတစ်ခုပေးကြည့်ပါ…
ပြီးတော့ ပြန်စဉ်းစားကြည့်ပါ….
ငါ့ဘဝရဲ့ လေထီးတွေကို ဘယ်သူတွေက ပြင်ဆင်ပေးခဲ့တာလဲ….
ပြီးရင် သူတို့ကို ကျေးဇူးတင်ကြောင်း ပြောပြပေးဖို့ မမေ့ပါနဲ့...
Forbes Magazine မှာဖတ်ခဲ့ဖူးတဲ့
Who Packed Your Parachute?
ကို ကွီးစိုးဆီလျှော်သလို ဘာသာပြန်ဆိုသည်
0 comments:
Post a Comment