
Tuesday, April 30, 2019
AA အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီလေ့ကျင့်ရေးစခန်းတစ်ခုအား သိမ်းပိုက်ရရှိ၊ သိုဝှက်ထားသော WFP တံဆိပ်ပါ ရိက္ခာပစ္စည်းများရှာဖွေတွေ့ရှိ
April 30, 2019
No comments
AA အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီလေ့ကျင့်ရေးစခန်းတစ်ခုအား သိမ်းပိုက်ရရှိ၊ သိုဝှက်ထားသော WFP တံဆိပ်ပါ ရိက္ခာပစ္စည်းများရှာဖွေတွေ့ရှိ
နေပြည်တော်၊ ဧပြီ - ၃၀
ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်လုပ်ရပ်များနှင့် ဒေသ တည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသဖြင့် AA အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနိုင်သော နေရာများအား တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေးအာမခံချက်ရှိစေရန် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၈ ရက်တွင် တပ်မတော်စစ်ကြောင်းက ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ် ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၂၀၀၀ ခန့် အကွာ၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီလေ့ကျင့်ရေးစခန်းနေရာ တစ်ခုအားတွေ့ရှိသဖြင့် ၀င်ရောက်ရှင်းလင်းခဲ့ရာ AA အကြမ်းဖက်သောင်း ကျန်းသူများ အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းများနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး တန်းစီကွင်း ၂ ကွင်း၊ လူနေတဲ ၄၉ လုံးနှင့် ပစ်ကျင်းများပါဝင်သော ယာယီလေ့ကျင့်ရေး စခန်းတစ်ခုအား သိမ်းဆည်းရမိခဲ့သည်။
ယနေ့တွင် အဆိုပါ နေရာအနီးတစ်ဝိုက်အား အသေးစိတ်ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ ကျင်းတူး၍ သိုဝှက်ထားသော ရိက္ခာပစ္စည်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့အထဲတွင် WFP တံဆိပ်ပါ ဆန်အိတ် ၁၅ အိတ်နှင့် WFP တံဆိပ်ပါ ဆီဗူး ၃၈ ဗူးတို့ ပါဝင်ကြောင်း တွေ့ ရှိရသည်။
အထက်ပါ ရိက္ခာထုပ်များသည် စစ်ရှောင်စခန်းများအတွက် အလှူရှင်များက လှူဒါန်းထားသော ထောက်ပံ့ရေးပစ္စည်းဖြစ်ပြီး AA အကြမ်းဖက်သောင်းကျန်းသူများက ယင်းထောက်ပံ့ရေးပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ရရှိသုံးစွဲနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment