Tuesday, April 23, 2019

ဒေသန္တရနင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ ပြည်သူတစ်ဦးဒဏ်ရာရရှိ




ဒေသန္တရနင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ ပြည်သူတစ်ဦးဒဏ်ရာရရှိ

နေပြည်တော် ဧပြီ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ကလိန်အောင်မြို့၊ အလယ်စခန်းကျေးရွာနေဒေါ်နှင်းဆီ(ဘ) ဦးဖိုးအေး သည် ယနေ့နံနက်၇ နာရီခွဲခန့်တွင် သမီးဖြစ်သူနှင့်အတူ ၎င်းပိုင်ဆိုင်သည့် ရော်ဘာခြံသို့သွားရောက်စဉ် ကျေးရွာ၏အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ ထားဝယ်မြစ်ဖျားသို့အရောက်၌ ဒေသန္တရနင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ဒေါ်နှင်းဆီသည် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ သဖြင့် မိုင်းထိလူနာအား ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိသည်။

အဆိုပါမိုင်းထိလူနာအား နယ်မြေခံတပ်မှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment