မြန်မာ့အဖိုးတန်သယံဇာတသစ်များ တရားမ၀င်ထုတ်လုပ်နေမှုများအား တပ်မတော် လုံခြုံရေးစစ်ကြောင်းများက ဖော်ထုတ်ဖမ်းဆီး
နေပြည်တော်၊ ဧပြီ - ၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် လေကြောင်း ကင်းထောက်မှုများအရ ခလန်-ထိန်နု-မန်ချန်အနီးတစ်ဝိုက်၌ မြန်မာ့အဖိုးတန်သယံဇာတ များအား တရားမ၀င်ထုတ်လုပ်နေသည့် မသင်္ကာဖွယ်ရာ လမ်းကြောင်းများ၊ ယာဉ်များနှင့် စုပုံထားသည့် သစ်များအားတွေ့ရှိခဲ့သဖြင့် နိုင်ငံ့သယံဇာတများအား မိမိကိုယ်ကျိုးစီးပွား အတွက် တရားမ၀င်ထုတ်လုပ်နေမှုများမရှိစေရေးအတွက် အဆိုပါနေရာများသို့ သွားရောက်ဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့သည်။

ထိုသို့ဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ မတ် ၂၉ ရက်မှ ဧပြီ ၅ ရက်အတွင်း မံစီမြို့နယ်၊ ခလန်-ထိန်နု-မန်ချန်တစ်ဝိုက်မှ စုစုပေါင်းကျွန်းသစ်လုံးနှင့် ခွဲသားဆိုဒ်စုံ ၈၆ တန်ခွဲခန့်၊ သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် သစ်တင်ယာဉ် ၄၄ စီး၊ Wheel Loader ၄ စီး၊ ဘက်ဟိုးယာဉ် ၁ စီး၊ မြန်မာနိုင်ငံသား ၂ ဦးနှင့် တရုတ်နိုင်ငံသား ၁၃ ဦး တို့ကို ဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖမ်းဆီးရမိသူများ၊ တရားမ၀င်သစ်များနှင့် ယာဉ်များအား သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာနများသို့ လွှဲပြောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်းနှင့် မြန်မာ့အဖိုးတန် သယံဇာတများအား ကိုယ်ကျိုးစီးပွားအတွက် တရားမ၀င်ထုတ်လုပ်နေမှုများကို တားဆီးကာကွယ်ရန်အတွက် တပ်မတော်လုံခြုံရေးစစ်ကြောင်းများက ဆက်လက်ရှာဖွေ ဖော်ထုတ် ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment