သူတို့ပြန်ပြီ
မြောင်းမြ ကြိုးတံတား ပျက်စီးချိန်
၁-၄-၂၀၁၈ မှ မြောင်းမြ တံတားသစ်ကြီး
ဖွင့်လှစ်သော နေ့ အထိ တပ်မတော်(ရေ)သည်
ဧရာဝတီ တိုင်းအတွင်း
လမ်းပန်းဆက်သွယ်မှု အဆင်ပြေ
ချောမွေ့  စေရေး အတွက်
အောက်ပါ အတိုင်း သယ်ယူပို့ဆောင်
ရေး မြစ်ကူးတာဝန်ကို ထမ်းဆောင်ခဲ့
ကြပါတယ်။
မြောင်းမြဆိပ်ကမ်းမှ ကြို ပို့မှုကို ၁-၄-၂၀၁၈ ရက်မှ ၁-၄-၂၀၁၉ ရက်နေ့ထိ
ကမ်းထိုးရေယာဉ် ၂ စီးဖြင့် အခေါက်ရေ ၁၁၈၉၆ ခေါက်ပို့ဆောင်ပေးခဲ့သည်။
တံတားသစ်ဖွင့်ပွဲပြီးသည့်နေ့ အထိ ကား ၁၁၆၇၉၇ စီး၊
ဆိုင်ကယ် ၉၀၇၃၀ စီး၊
လူ ၅၆၀၉၂၈ ဦးအား ပို့ဆောင် ပေးနိုင်ခဲ့ပါသည်။
အခုအခါ နိုင်ငံတော်က မြောင်းမြတံတားသစ်ကြီးကို
ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်လို့
တပ်မတော် (ရေ)က စစ်သင်္ဘော မြစ်ကူး ရေယာဉ်ကြီးများဟာလည်း
မြောင်းမြ မြို့ မှာ ၁နှစ်ကျော်ကြာ
တာဝန်ထမ်းဆောင် ခဲ့ပြီး
နောက်ထပ် တိုင်းကျိုးပြည်ပြု တာဝန်အသစ်များထမ်းဆောင်ရန်
ထွက်ခွာသွားကြပါပြီ။
Credit

0 comments:
Post a Comment