Tuesday, April 2, 2019

AA အကြမ်းဖက်သောင်းကျန်းသူများ အတင်းအဓမ္မ ဖမ်းဆီးသွားသည့် ဆုထူးစံကုမ္ပဏီဝန်ထမ်းများအတွက် စိုးရိမ်နေ

AA အကြမ်းဖက်သောင်းကျန်းသူများ အတင်းအဓမ္မ ဖမ်းဆီးသွားသည့် ဆုထူးစံကုမ္ပဏီဝန်ထမ်းများအတွက် စိုးရိမ်နေ
--- --- ---
ပုံ - ဆုထူးစံကုမ္ပဏီပိုင်ပစ္စည်းများအား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ က မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် မြင်ကွင်းများ၊ 

Image may contain: sky and outdoor --- --- ------ --- ---

မြန်မာ-အိန္ဒိယနှစ်နိုင်ငံဆက်သွယ်ထားသည့် ပလက်ဝ-မီဇိုရမ်နှစ်လမ်းသွားကားလမ်းအတွက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကတ်ကူဝကျေးရွာအနီးအထိ တာဝန်ယူလမ်းဖောက်လုပ် ဆောင်ရွက်လျက်ရှိသည့် ဆုထူးစံ ကုမ္ပဏီမှ ၀န်ထမ်း ၈ ဦးကို AA အကြမ်းဖက်သောင်းကျန်းသူများက မတ် ၃၀ ရက်တွင် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသလို
AA အကြမ်းဖက်သောင်းကျန်းသူများ ဖမ်းဆီးသွားခြင်းခံရသည့်
ဆုထူးစံကုမ္ပဏီဝန်ထမ်းများအတွက်လည်း လုပ်ဖော်ကိုင်ဖက်များနှင့်
ဆွေးမျိုးများ၊တာဝန်၇ှိသူများက စိုးရိမ်ပူပန်နေကြောင်း သိရသည်။
အဆိုပါကုမ္ပဏီမှ ၀န်ထမ်းများသည် ပလက်ဝမြို့နယ်၊ တွင်းကင်းအလောင်းကျေးရွာ၌ အခြေပြု၍ လမ်းလုပ်ငန်း ဆောင်ရွက်လျက်ရှိစဉ် မတ် ၃၀ ရက်တွင် AA အကြမ်းဖက် သောင်းကျန်းသူ ၁၇၀ ဦးခန့် ရောက်ရှိလာပြီး ၀န်ထမ်း ၁၃ ဦး ကို ဖမ်းဆီးချုပ်နှောင်ကာ လမ်းဖောက်လုပ်ဆောင်ရွက်နေမှုအား နှောက်ယှက်ခဲ့ကြခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူ ၁၃ ဦးအနက် ပလက်ဝမြို့နယ်၊ ယီးလာဝကျေးရွာနေ ဦးဝေဖြိုးနှင့် ၎င်း၏ဇနီး ဒေါ်နုချေ၊ မော်လမြိုင်မြို့နေ ဦးဖိုးကျော်နှင့် ၎င်း၏ဇနီး ဒေါ်မိုးမိုးမြင့်နှင့် မော်လမြိုင်မြို့နေ ဦးဇော်ဝင်းကိုတို့ ၅ ဦးမှာ ပလက်ဝမြို့သို့ ဧပြီ ၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပြန်လည်လွတ်မြောက်ရောက်ရှိလာခဲ့ကြပြီး ၎င်းတို့၏ ပြောကြားမှု့ အရ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီခန့်တွင် AA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့ရောက်ရှိလာကာ ကုမ္ပဏီပိုင် ဟိုက်လတ်အဖြူရောင် ကား ၁ စီး၊ မြေကော်စက် ၁ စီးနှင့် ဆိုင်ကယ် ၃ စီးတို့အား မီးရှို့ဖျက်ဆီးခဲ့ကာ ၎င်းတို့အား ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြောင်း၊ ဧပြီ ၁ ရက်တွင် ၎င်းတို့ ၅ ဦးအား ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန် ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပလက်ဝ-မီဇိုရမ်လမ်းပိုင်းပေါ်တွင် ပလက်ဝတံတားစီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ အဆိုပါတံတားစီမံကိန်းတွင် အသုံးပြုရန် လိုအပ်သည့် ပစ္စည်းကိရိယာများ တင်ဆောင်လာသည့် သင်္ဘောကို AA အကြမ်းဖက် သောင်းကျန်းသူများက မတ် ၁၆ ရက် နံနက်ပိုင်း တွင် လက်နက်ငယ်များနှင့်ပစ်ခတ်၍ ရေယာဉ်ဝန်ထမ်းများအား ကမ်းပေါ်သို့ ခေါ်ဆောင်ကာ ရေယာဉ်ကိုမီးရှို့ဖျက်ဆီးခဲ့သည်။
အလားတူ ပလက်ဝမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ကင်းတလင်းနှင့် ခမောင်းဝ ကျေးရွာတို့မှ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၃၈ ဦးအပါအ၀င် ရခိုင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသား စုစုပေါင်း ၂၀၀ ခန့်အား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က ဖေဖော်ဝါရီ ၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အတင်း အဓမ္မလူသစ် စုဆောင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖူးကြောင်း သိရသည်။
Photo - Special Credit
The Ladies News
Image may contain: outdoor

Image may contain: car and outdoor

Image may contain: sky and outdoor

Image may contain: outdoor

Image may contain: outdoor

Image may contain: outdoor

No photo description available.

 

0 comments:

Post a Comment