ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေသည့်ကာလအတွင်း ဒေသခံတောင်သူများ ရောင်းချရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဝယ်ယူ
နေပြည်တော်၊ အောက်တိုဘာ-၇

ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း သွားလာမှု များရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန် အခက်အခဲဖြစ်ပေါ်လျက်ရှိခြင်းတို့ကြောင့် သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေ များဖြစ်ပေါ်ခဲ့သည်။
ထိုသို့အခက်အခဲဖြစ်ပေါ်နေသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေရှိ ဒေသခံ တောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင် သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများအား ဝယ်ယူပေးလျက်ရှိသည်။
ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေ မြို့နယ်၊ မှော်ဘီကျေးရွာနှင့် ပင်းတယမြို့နယ်၊ ဒေရဲအင်းကျေးရွာများရှိ စိုက်ခင်းများသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ဒေသခံ တောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ခရမ်းချဉ်သီး ၃၀၀၀ ပိဿာနှင့် ပန်းဂေါ်ဖီထုပ် ၆၀၀၀ ထုပ်တို့ကို ဝယ်ယူပေးခဲ့ပြီး ဒေသခံတောင်သူများ၏ အခက်အခဲများပေါ်မူတည်၍ သီးနှံများကို ဆက်လက်ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment