Monday, October 26, 2020

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ရွေးကောက်ပွဲသုံး ပစ္စည်းများကို ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ဒုတိယအကြိမ် ကူညီပို့ဆောင်

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ရွေးကောက်ပွဲသုံး ပစ္စည်းများကို ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ဒုတိယအကြိမ် ကူညီပို့ဆောင်

နေပြည်တော်၊ အောက်တိုဘာ - ၂၆

   
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး ချင်းပြည်နယ်အတွင်း အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုရန်အတွက် ဆန္ဒမဲ လက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို တပ်မတော်မှ ရေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။
    
ထိုသို့ ပို့ဆောင်လျက်ရှိရာတွင် ယနေ့တွင် ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများဖြစ်သည့် မဲရုံသုံးဗီနိုင်း ၁ အိတ်၊ မဲရုံမှူးသင်တန်းလွယ်အိတ် ၁ ပုံး၊ ခြင်းတောင်း ၃၉၆ ခု၊ ဆန္ဒပြုခန်း ၃၆၀ ခု၊ မီးစက် ၁ လုံး၊ မီးအိမ် ၃၃ လုံး၊ မဲရုံသုံးပစ္စည်းများ ၂ အိတ်၊ လက်သန့်ဆေးရည် ၂၀၀ ဘူး၊ လက်အိတ်/ Mask  ၃ ဖာ၊ Legal  စာရွက်ပုံး ၆ ပုံးနှင့် စားသောက်ကုန်ပစ္စည်းများကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပူတာအိုတပ်နယ်မှ တပ်မတော်သားများက ရဟတ်ယာဉ်ပေါ်သို့ ကူညီသယ်ဆောင်၍ ဒုတိယအကြိမ် ပို့ဆောင်ပေးသည်။ အဆိုပါခေါင်လန်ဖူးမြို့သို့ ရောက်ရှိလာသော ပစ္စည်းများအား နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ရဟတ်ယာဉ်ပေါ်မှ ပစ္စည်းများအား သက်ဆိုင်ရာနေရာများသို့ ရွှေ့ပြောင်းသယ်ဆောင် ပေးသည်။
    
ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ ၂၂ ဦးတို့ကို ခေါင်လန်ဖူး မြို့မှ ပူတာအိုမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment