Monday, October 19, 2020

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မကွေးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မကွေးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 နေပြည်တော်၊ အောက်တိုဘာ - ၁၉
 

 

 

 


          ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ

တပ်မတော်အရာရှိကြီးများနှင့်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးလိုက်ပါလျက် ယနေ့နံနက်ပိုင်းနှင့်နေ့လယ်ပိုင်းတွင် မကွေးမြို့နှင့်မိတ္ထီလာမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲ၊ ပဒုမ္မာ ဆပ်ပြာမွှေးနှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။

          ထိုသို့သွားရောက်လှူဒါန်းရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များသည် သက်ဆိုင်ရာ ကျောင်းတိုက်များသို့သွားရောက်၍ မကွေးမြို့ရှိ မဟာဝိသုတရာမကျောင်း ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ တိလောက အမှူးပြုသော ဆရာတော်သံဃာတော်များ၊ အောင်မြေရတနာကျောင်း နာယက ဘဒ္ဒန္တ ဝိမလ အမှူးပြုသောဆရာတော်သံဃာတော်များ၊မိတ္ထီလာမြို့ရှိ သာသနာ့ ဝေပုလ္လကျောင်းတိုက်၏ဦးစီးပဓာန နာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ကောဝိဒ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ ရတနာဦးကျောင်း ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓ အမှူးပြုသော ဆရာတော် သံဃာတော်များအား ဖူးမြော်ကန်တော့၍ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ဆီ၊ ဆား၊ပဲ၊မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှထုတ်လုပ်သည့် Mask များနှင့်မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ပဒုမ္မာဆပ်ပြာစက်ရုံမှ ထုတ်လုပ်သည့် ပဒုမ္မာဆပ်ပြာမွှေးနှင့်လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေ များဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကိုမေးမြန်း လျောက်ထားသည်။

          ယနေ့လှူဒါန်းမှုအနေဖြင့် မကွေးမြို့ မဟာဝိသုတရာမကျောင်းသို့ ဆွမ်းဆန် တော်အိတ် ၃၀၊ ဆီ  ၅၃ ပိဿာ ၊ ဆား ၄၆ ပိဿာ၊ ပဲ ၇၉ ပိဿာ၊ Mask ၃၀၀ ခုနှင့် ပဒုမ္မာ ဆပ်ပြာမွှေး ၈၀ ခဲ၊အောင်မြေရတနာကျောင်းသို့ ဆွမ်းဆန်တော်အိတ် ၅၀ ၊ ဆီ ၈၈ ပိဿာ၊ ဆား ၇၇ ပိဿာ၊ပဲ ၁၃၂ ပိဿာ၊ Mask ၆၀၀၀ ခု၊ ပဒုမ္မာဆပ်ပြာမွှေး ၂၅၀ ခဲ၊ မိတ္ထီလာမြို့ရှိ သာသနာ့ဝေပုလ္လကျောင်းသို့ ဆွမ်းဆန်တော်အိတ် ၅၀၊ ဆီ ၈၈ ပိဿာ၊ ဆား ၇၇ ပိဿာ၊ ပဲ ၁၃၂ ပိဿာ၊ Mask ၃၀၀၀ ခုနှင့် ပဒုမ္မာ ဆပ်ပြာမွှေး ၁၄၀ ခဲ၊ ရတနာဦးကျောင်းသို့ ဆွမ်းဆန်တော်အိတ် ၂၀၊ ဆီ ၃၅ ပိဿာ၊ ဆား ၃၁ ပိဿာ၊ ပဲ ၅၃ ပိဿာ၊ Mask ၁၀၀၀ ခုနှင့် ပဒုမ္မာ ဆပ်ပြာမွှေး ၃၀ ခဲအပါအဝင်၊ လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment