Thursday, October 22, 2020

စစ်မှုထမ်းဟောင်းများနှင့် ရဲမှုထမ်းဟောင်းများအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများပေးအပ်

စစ်မှုထမ်းဟောင်းများနှင့် ရဲမှုထမ်းဟောင်းများအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၂


နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သွားလာမှုများကန့်သတ်ချက်များကြောင့် စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်း ဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှိ သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက မြို့နယ် အသီးသီးရှိ စစ်မှုထမ်းဟောင်းများနှင့် ရဲမှုထမ်းဟောင်းများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ထောက်ပံ့ပေးအပ်သည်။

ထု့ိပြင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဘုတ်ချောင်းရပ်ကွက်ရှိ ချမ်းအေး ဘုန်းတော်ကြီးကျောင်းသို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်၍ အဆိုပါရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၇၀ စုအတွက် ဆန် ၂၃ အိတ်၊ ဆီ ၄၅ ပိဿာ၊ ဆား ၄၅ ပိဿာ၊ ကြက်ဥ ၄၄၈ လုံး၊ စားသောက်ဖွယ်ရာများနှင့် ၤခေန ြေျု ၂၂၄၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment