Thursday, October 15, 2020

မအီမြို့နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများအား သတင်းပေးခြင်း၊ ဆက်ကြေးရိက္ခာစုဆောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် အမာခံများဖမ်းဆီးရမိ

မအီမြို့နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများအား သတင်းပေးခြင်း၊ ဆက်ကြေးရိက္ခာ စုဆောင်း ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် အမာခံများဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ - ၁၆


ရခိုင်ပြည်နယ်၊ မအီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူများအား သတင်းပေးခြင်း၊ ဆက်ကြေးရိက္ခာစုဆောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသတင်းအရ ရှာဖွေဖော်ထုတ်ခဲ့ရာ မအီမြို့၏မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာ စနဲကျေးရွာအစပ်လယ်တဲ၌ စနဲကျေးရွာနေ မင်းစိုးနိုင်(ဘ)ဦးအောင်ကျော်သန်း ၂၂ နှစ်အား ဖမ်းဆီးရမိပြီး ဆက်လက်၍ ကျေးရွာအတွင်းရှိ ဦးညီပု(ဘ)ဦးမှဲ့နီ ၄၅ နှစ်နှင့် ဦးသန်းတင်(ဘ) ဦးအောင်ကျော်စိန် ၅၆ နှစ်တို့နှစ်ဦးအား သက်သေခံ အထောက်အထားတို့နှင့်အတူ ထပ်မံဖမ်းဆီရမိခဲ့သည်။ အဆိုပါဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ထပ်မံဖမ်ဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိစဉ် မောင်သန်းမြင့်(ဘ)ဦးဘဖြူ ၂၈ နှစ်၊ စနဲကျေးရွာနေသူအား အောက်တိုဘာ ၁၂ ရက် နံနက် ၂ နာရီအချိန်ခန့်တွင် စနဲကျေးရွာအနီး၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး မအီမြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment