တပ်မတော်ရိက္ခာအတွက် စပါးဝယ်ယူရန် တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၁-၂၀၂၂ ခုနှစ် တပ်မတော်ရိက္ခာအတွက် ဧည့်မထအမျိုးအစားစပါးကို ပြည်နယ်နှင့်တိုင်း ဒေသကြီးအလိုက် တင်ဒါစနစ်ဖြင့် အောက်ဖော်ပြပါနေရာများ၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့မှ စတင်ဝယ်ယူပါမည်-
(က) မွန်ပြည်နယ်
(၁) မော်လမြိုင်
(၂) သထုံ
(၃) ပေါင်
(၄) မုဒုံ
(၅) သံဖြူဇရပ်
(၆) ချောင်းဆုံ
(၇) ကျိုက်မရော
(၈) ရေး
(၉) ဘီးလင်း
(၁၀) ကျိုက်ထို
(ခ) ရန်ကုန်တိုင်းဒေသကြီး
(၁) သန်လျင်
(၂) ခရမ်း
(၃) လှည်းကူး
(၄) တိုက်ကြီး
(၅) ထန်းတပင်
(ဂ) ရခိုင်ပြည်နယ်
(၁) ကျောက်ဖြူ
(၂) တောင်ကုတ်
(၃) စစ်တွေ
(ဃ) စစ်ကိုင်းတိုင်းဒေသကြီး
(၁) ကလေး
(၂) ရွှေဘို
(၃) ရေဦး
(၄) ခင်ဦး
(၅) ဒီပဲယင်း
(၆) တန့်ဆည်
(၇) ကန့်ဘလူ
(င) ပဲခူးတိုင်းဒေသကြီး
(၁) ဖြူး
(၂) ကျောက်တံခါး
(၃) ညောင်လေးပင်
(၄) ရေတာရှည်
(၅) တောင်ငူ
၂။ ပေးသွင်းရမည့် စပါးအရေအတွက်၊ စပါးအရည်အသွေး သတ်မှတ်ချက်၊ ပေးသွင်းရမည့်နေရာ၊ ပေးသွင်းရမည့်ကာလ စသည့်အသေးစိတ်အချက်အလက်များနှင့် တင်ဒါပုံစံတို့အား အထက်ပါနေရာများရှိ တိုင်းစစ်ဌာနချုပ်များ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့များတွင် စုံစမ်းနိုင်ပါသည်။
၃။ ကိုယ်တိုင်စပါးစိုက်ပျိုးထုတ်လုပ်ပြီး တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း၊ စပါးတင်း(၁၀၀)နှင့်အထက် ရောင်းချပေးသွင်းနိုင်သည့် တောင်သူများအနေဖြင့် အထက်ပါနေရာများ၌ ဧည့်မထ အမျိုးအစားစပါးကို ဒေသန္တရဈေးနှုန်းအရ လက်ငင်းငွေပေးချေသည့်စနစ်ဖြင့် ရောင်းချပေးသွင်းနိုင် ပါသည်။
စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
0 comments:
Post a Comment