Monday, October 26, 2020

COVID-19 ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ

COVID-19  ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံ များအား တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ အောက်တိုဘာ-၂၆

   
ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိကာ သီးနှံများပျက်စီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။
    
ထိုသို့ဝယ်ယူပေးလျက်ရှိရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် အောက်တိုဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာနှင့် ရွာငံမြို့နယ်၊ တောကြယ်လဲပြားကျေးရွာတို့ရှိ ဒေသခံတောင်သူများထံမှ မှာယူဝယ်ယူခဲ့သည့် ခရမ်းချဉ်သီး ၁၀၀၀ ပိဿာနှင့် ဂေါ်ရခါးသီး ၂၃၀၀၀ လုံးတို့ကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များသို့ တပ်မတော်သားမိသားစုဝင်များနှင့် အရပ်သား အစားခန့်ဝန်ထမ်းများ COVID-19 ရောဂါဖြစ်ပွားနေသောကာလအတွင်း စားရေး အဆင်ပြေစေရန်အတွက် ယနေ့တွင် သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment