Thursday, October 22, 2020

မှော်ဘီတပ်နယ်မှ တပ်မတော်သားများက လသာမြို့နယ်ရှိ အမျိုးသားသွေးလှူဌာန အတွက် စုပေါင်းသွေးလှူဒါန်း

မှော်ဘီတပ်နယ်မှ တပ်မတော်သားများက လသာမြို့နယ်ရှိ အမျိုးသားသွေးလှူဌာန အတွက် စုပေါင်းသွေး လှူဒါန်း

နေပြည်တော် ၊ အောက်တိုဘာ - ၂၂


ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ အမျိုးသားသွေးလှူဌာန၌ သွေးမျိုးစုံ လိုအပ်လျက်ရှိကြောင်း သိရှိရသည့်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်မှ တပ်မတော်သားများက ယနေ့နေ့လယ်ပိုင်းတွင် မှော်ဘီတပ်နယ်ခန်းမ၌ စုပေါင်းလှူဒါန်း ကြသည်။

ထိုသို့လှူဒါန်းရာတွင် အရာရှိ၊ စစ်သည် ၄၀ ဦးတို့က သတ်မှတ်နေရာအသီးသီး တွင် စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့သွေးလှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးကာ သွေးအလှူရှင်များ အတွက် အာဟာရဖြည့်စွက်စာများနှင့် အမျိုးသားသွေးလှူဌာနမှ ဆရာဝန်များနှင့် သူနာပြု များအတွက် ရွှေဖီဦးလက်ဘက်ရည်ထုပ်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment