Tuesday, October 20, 2020

မိတ္ထီလာမြို့နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသလျက်ရှိသောစစ်သည်များအား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ- ၂၀

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံတက်ရောက်လျက်ရှိသော စစ်သည်များကို ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံအားပေးစကား ပြောကြားသည်။
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသလျက်ရှိသောစစ်သည်များကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရောဂါဖြစ်ပွားမှု၊  ဆေးဝါးကုသပေးထားမှု နှင့်ကျန်းမာရေးတိုးတက်မှုအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ကြသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များညှိုနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment