ဒေါ်စိန်အေးရဲ့သား

ဆယ်တန်းအောင်စအရွယ်မှာ လူငယ်ဘဝအကုန်လုံးကို စွန့်လွှတ်ခဲ့ရတယ်။
မနက် ၅ နာရီထပြီး သုံးမိုင်ကို ကြွနေအောင်ပြေးရတယ်။
စစ်ပညာတစ်လှည့်၊ စာပေပညာတစ်လှည့် ၃ နှစ်၊ ၄ နှစ် သင်ကြားလေ့ကျင့်ရတယ်။
တစ်နှစ်မခံနိုင်လို့ ငိုပြီးပြန်သွားရတဲ့ကောင်တွေ အများကြီး။
ကျောင်းလစ်ကြဖို့မပြောနဲ့၊
မနက်မထခဲ့ရင်တောင် ကမ္ဘာပျက်မတတ်ဖြစ်တာ ဒေါ်စိန်အေးသားရဲ့ဘဝ။
ဟေ့ရောင်၊ လူ့ဘဝမှာ ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲတာမျိုးကြုံကြုံ၊ ဗိုလ်လောင်း First Year လောက်မဆိုးဘူးကွ ဆိုတာ ဒေါ်စိန်အေးသားတွေရဲ့ လက်သုံးစကား။
Never Surrender ဆိုတာ ဒေါ်စိန်အေးသားတွေရဲ့ ဂုဏ်ဒြပ်။
စစ်ကျောင်းပေါင်းစုံက ညီအစ်ကိုတွေနဲ့အတူ မြန်မာနိုင်ငံတစ်ပတ်ကို အသက်နဲ့ရင်းပြီး ကာကွယ်ထားကြတဲ့ ကောင်တွေ။
လူအမျိုးမျိုးပါတယ်၊
ဆိုးတဲ့ကောင် တာတေလန်အောင်ဆိုးတတ်တယ်၊
ရိုင်းရမယ်ဆို သေနေတဲ့မသာ ဒေါသထွက်ပြီး ထထိုင်ရလောက်အောင်ရိုင်းတတ်တယ်။
အေး၊ လိမ္မာတဲ့ကောင်ကျ ၁၈ နှစ်သားထဲက ပရိတ်ကြီး ၁၁ သုတ်ကို ရှေ့နောက်ပြန်ရွတ်ပြတတ်တယ်။
ဒေါ်စိန်အေးကျောင်းဆင်း အကုန်ဘွဲ့ရတယ်။
ဘွဲ့လွန်မာစတာဘွဲ့တွေက မြန်မာနိုင်ငံက အဆိုတော်အရေအတွက်ထက်များတယ်။
PhD ထက်မြင့်တဲ့ DSc ဘွဲ့ရက ဟိုပါတီတစ်ခုလုံးထက် အဆပေါင်းများစွာ ပိုများတယ်။

သမ္မတသက်တမ်း ၅ နှစ်၊
တစ်ယောက်ထဲ လုပ်ပြနိုင်တယ်။
တပ်မတော်ကို ၁၀ နှစ်၊
တစ်ယောက်ထဲ ဦးဆောင်နိုင်တယ်။
သာကူးပြီး အဖားတော်ရင်၊
မတူတဲ့အစိုးရနှစ်ဆက် ဝန်ကြီးတက်လုပ်ပြီး အုပ်ချုပ်နိုင်တယ်။
အရည်အချင်းရှိရင် အစိုးရနှစ်ဆက် ပြောရေးဆိုခွင့်ရှိသူလုပ်ပြီး ဖာပေးကာပေးတာဝန်ခံပြောပေးနိုင်တယ်။
ကုန်ကုန်ပြောရင်ကွာ၊
ပြုတ်ထွက်ထောင်ကျရင်တောင် ဟိုပါတီမှာလူစွာလုပ်ပြီး မတင်ရွှေသားတစ်သိန်းလောက်ကို ဖိန့်ဖိန့်တုန်အောင် ထိန်းထားနိုင်တယ်။
ထမင်းစားရင်တောင် ငါတို့သည် နိုင်ငံတော်မှကျွေးသော ထမင်းကိုစား၍ နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရိုသေပါမည်လို့ ကတိသစ္စာပြုပြီးမှ ထမင်းစားခဲ့တဲ့ကောင်တွေကွ။
ဘယ်အစိုးရတက်တက် ဒေါ်စိန်အေးသားတွေ စောက်ဂရုမစိုက်ဘူး။
အေး.. မင်းတို့မဲရဖို့ ဒေါ်စိန်အေးသားတွေကိုတိုက်ခိုက်ပြီး မဲဆွယ်တာလဲ စောက်လုပ်မဟုတ်ဘူး။
ရှင်းလား။
ဦးတိမ်
0 comments:
Post a Comment