Wednesday, October 14, 2020

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံး ကာကွယ်ရေးပစ္စည်းဖြစ်သည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

COVID-19  ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံး ကာကွယ်ရေးပစ္စည်းဖြစ်သည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၀

   
COVID-19  ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်ခြင်းအပိုင်းတွင် အခြေခံ အကျဆုံးမှ ာMask  များတပ်ဆင်အသုံးပြုခြင်းပင်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များဖြစ်ရန်လည်းလိုအပ်သည်ဖြစ်ရာ တပ်မတော် အနေဖြင့် အရည်အသွေးကောင်းမွန်သည့် Mask  များကို ပြည်သူများလက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းရာတွင် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အတွင်းရှိ ကမ်းနားလမ်း၊ အောင်ဧရာဈေး၊ အောင်ရတနာဈေးနှင့် မြေနုတံတားဆိပ်ကမ်းတို့ရှိ ဒေသခံပြည်သူများအတွက် Mask  ၁၅၀၀ ခုကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ မီးပွိုင့်လမ်းဆုံနှင့်ဗောဓိကုန်းရွာဘုန်းတော်ကြီးကျောင်းတို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအတွက် Mask  ၇၀၀၀ ခုကိုလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များမှ တပ်မတော်သားများက အသီးသီးအခမဲ့ပေးဝေလှူဒါန်း ကြသည်။
   
COVID-19   ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက် အရည်အသွေးကောင်းမွန်သည့်  Mask    များကို ပြည်သူများလက်ဝယ် အရောက် သက်ဆိုင်ရာ နယ်မြေခံတပ်မတော်သားများက အခမဲ့ဆက်လက်ဖြန့်ဝေလှူဒါန်းသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment