Covid-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများလှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၂၅


Covid-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်လို အပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် Covid-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၀၀ လုံးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၂၀ လုံးကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများကလည်းကောင်း တပ်မတော် Oxygen Plant များမှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး အသီးသီးသွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment