Thursday, October 22, 2020

COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများလှူဒါန်း

 COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၂



COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင် မြို့နယ်၊ ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၅၀ လုံးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ပြည်သူ့ ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၂၀ လုံးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက လည်းကောင်း တပ်မတော် ဥထပါနည ဏူညေအ များမှ အောက်ဆီဂျင်များ ဖြည့်သွင်းပြီး အသီးသီးသွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment