Monday, October 19, 2020

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၉

 



COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်ကာကွယ်ရာတွင် အခြေခံအကျဆုံးမှာ Mask များတပ်ဆင်အသုံးပြုခြင်းပင်ဖြစ်ပြီး တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပေါင်မြို့နယ်နှင့်သထုံမြို့နယ်တို့ရှိ ဒေသခံ ပြည်သူများအသုံးပြုရန်အတွက် Sergical Mask ၁၀၀၀၀ ခုကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဇော်မင်းအောင်က တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့အပြင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် Mask
၁၆၄၅၀ ခုကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရွှေပေးလမ်းဆုံ၊ လေယာဉ်ကွင်းလမ်းဆုံ၊ ရှမ်းချောင်းဈေး၊ တပ်ပြင်ဈေး၊ နာရီစင်လမ်းဆုံနှင့် ဆိပ်ငယ်တံတား၊ ဘုတ်ပြင်းမြို့ကားလမ်းဆုံ၊ ပညာရေးမှူးရုံး၊ ပြည်သူ့ဆေးရုံရှေ့နှင့်မြို့မဈေး၊ ပုလောမြို့၊ လမ်းဆုံမီးပွိုင့်နှင့်တံတားလမ်းဆုံ၊ ထားဝယ်မြို့နယ်တွင် မြိတ်လမ်းခွဲလမ်းဆုံ၊ ဗျောတော၀ လမ်းဆုံနှင့် သပြေချောင်းကျေးရွာအဝင်၊အထွက်၊ ကော့သောင်းမြို့၊ နန္ဒဝင်ဈေးနှင့် မြို့မဈေး အနီးနှင့်လောင်းလုံးမြို့နယ်၊ ကမြောကင်းလမ်းဆုံတို့၌ ဒေသခံပြည်သူတစ်ဦးချင်း၏ လက်ဝယ်အရောက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်းကြသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက် Mask များကို အခမဲ့ ဆက်လက်ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment