Tuesday, October 27, 2020

အမာမြို့၊ မင်္ဂလာသောင်တန်းကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား တပ်မတော်သား များက စားသောက်ဖွယ်ရာများပေးအပ်


အမာမြို့၊ မင်္ဂလာသောင်တန်းကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား တပ်မတော်သား များက စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်း အောက်တိုဘာ ၂၀ ရက်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာအတွင်းသို့ မြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်များပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သည့်ကျေးရွာသို့ ယနေ့တွင် အနောက် တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ရေဘေးသင့် အိမ်ထောင်စု ၃၂၆ စုအတွက် ဆန် ၆၁ အိတ်နှင့် Mask  ၄၀၀ ခု တို့ကို သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment