စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များပေးအပ်
နေပြည်တော်၊ အောက်တိုဘာ - ၂၇

နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သွားလာမှုများကန့်သတ်ချက်များကြောင့် စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် Covid-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်း ဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စလင်းတပ်နယ်မှ တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ တပ်ဆိုးကျေးရွာရှိ ဒေသခံ ပြည်သူများအတွက် ဆန် ၁၅ အိတ်အားလည်းကောင်း၊ ပြည်မြို့နယ်၊ ဇလုံကျေးရွာရှိ ဒေသခံပြည်သူများအတွက် ဆန် ၄၄ အိတ်နှင့် ကြက်ဥ ၁၅၇၅ လုံးတို့ကိုလည်းကောင်း၊ သဲကုန်းမြို့နယ်၊ လှည်းဝိုင်းကျေးရွာရှိ ဒေသခံပြည်သူများအတွက် ဆန် ၁၀ အိတ်တို့ကို လည်းကောင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ပေးအပ်လှူဒါန်းရာ ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment