Tuesday, October 27, 2020

Covid-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် ြေျု များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

Covid-19  ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် ြေျု များကို တပ်မတော်သား များက အခမဲ့ပေးဝေလှူဒါန်း


နေပြည်တော်၊ အောက်တိုဘာ - ၂၇

   
တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသုံးပြု နိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် Mask ၅၀၀၀ ခုကို မြိတ်မြို့နယ်အတွင်း၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် Mask  ၃၀၀၀ ခုကို လှိုင်သာယာမြို့နယ်အတွင်း၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် Mask၂၅၀၀ ခုကို ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့၌ လည်းကောင်း အများပြည်သူ ဖြတ်သန်းသွားလာလျက်ရှိသည့် နေရာများတွင် ဒေသခံပြည်သူတစ်ဦးချင်း၏ လက်ဝယ်သို့အရောက် အခမဲ့ပေးေ၀ လှူဒါန်းကြသည်။
    
Covid-19   ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက် Mask  များကို အခမဲ့ ဆက်လက်ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


0 comments:

Post a Comment