Monday, October 19, 2020

ဘုတ်ပြင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်ခဲ့သည့် ငါးဖမ်းလှေတစ်စီး ပေါ်မှ လှေသားများအား ကူညီကယ်ဆယ်

ဘုတ်ပြင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်ခဲ့သည့် ငါးဖမ်းလှေတစ်စီး ပေါ်မှ လှေသားများအား ကူညီကယ်ဆယ်

နေပြည်တော် ၊ အောက်တိုဘာ - ၁၉


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဘုတ်ပြင်းမြို့၏ အနောက်ဘက် ရေမိုင် ၃၄ မိုင်ခန့်အကွာ၌ အောင်မင်္ဂလာ- ၅ အမည်ရှိ ဝိုင်းချုပ်ငါးဖမ်းလှေတစ်စီး ရေဝင် နစ်မြုပ်နေ ကြောင်း သတင်းအရ ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် သွားရောက်၍ ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ နစ်မြုပ်လှေပေါ်မှ လှေသား အမျိုးသား ၃၉ ဦးအနက်မှ ၃၇ ဦးအား ကူညီကယ်ဆယ်ပေးနိုင်ခဲ့ပြီး စစ်ရေယာဉ်ပေါ်၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

အဆိုပါ နစ်မြုပ်လှေမှ ပျောက်ဆုံးနေသော လှေသား ၂ ဦးအား ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment