ထားဝယ်မြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်၌ ရေနစ်မြုပ်နေသည့်လှေတစ်စီးပေါ်မှ လှေသားများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်
နေပြည်တော် ၊ အောက်တိုဘာ - ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ထားဝယ်မြို့၏ အနောက်မြောက်ဘက် ရေမိုင် ၅၇ မိုင်ခန့်အကွာ၌ ငါးဖမ်းလှေတစ်စီး နစ်မြုပ်နေကြောင်း သတင်းအရ ယနေ့နံနက် ၇ နာရီခန့်တွင် သွားရောက်စစ်ဆေးရာ အောင်ချစ်ညီညီ-၁ အမည်ရှိ နစ်မြုပ်လှေပေါ်မှ လှေသား ၁၄ ဦးကို မျှောပိုက်လှေတစ်စီးမှ ကယ်ဆယ်ထားသည်ကိုတွေ့ရှိရပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါလှေသားများအား စစ်ရေယာဉ်ပေါ်သို့ ရွှေ့ပြောင်းတင်ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ကူညီထောက်ပံ့ ပေးအပ်ခဲ့ကာ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment