လသာမြို့နယ်ရှိ အမျိုးသားသွေးဌာနနှင့် တောင်ငူမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးတို့ အတွက် စုပေါင်းသွေးလှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၂၅

Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့်ကာလအတွင်း ပြည်သူ့ဆေးရုံများရှိ သွေးလှူဘဏ်များ၌ သွေးမျိုးစုံလိုအပ်လျက်ရှိကြောင်း သိရှိရသဖြင့် သံဃာတော်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းသွေးလှူဒါန်း ပေးလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ အမျိုးသားသွေးဌာနအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်မှ အရာရှိ၊ စစ်သည် ၄၀ ဦးက သန်လျင်မြို့နယ်၊ တပ်နယ်ခန်းမ၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးအတွက် အရာရှိ၊ စစ်သည်၊ မိသားစုများ ၆၀ ဦးတို့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌လည်းကောင်း အသီးသီးစုပေါင်း၍သွေးလှူ ဒါန်းကြသည်။
သွေးလှူဒါန်းနေမှုများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်း နှင့် သန်လျင်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်ချုပ် ဌေးနိုင်တို့က အဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာ တပ်နယ်ခန်းမများသို့ သွားရောက်ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့ပြင် တောင်ငူမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးတွင် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက Personal Protective Equipment (PPE) ဝတ်စုံ ၂၀ စုံ၊ Hand Gel ၂၀ ဘူး၊ Surgical Mask ၁၅၀၀ ခု၊ OT Cap ၅၀ ခု၊ OT Grown ၂၀ ခု၊ နှင့် Faceshield ၅၀ ခု၊ Oxymeter ၄ ခု၊ သွေးပေါင်ချိန်တိုင်းစက် ၄ ခုနှင့်စားသောက်ဖွယ်ရာများကို ပေးအပ်ရာ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment