Saturday, October 24, 2020

" သမိုင်းဝင်တဲ့နေ့.."

" သမိုင်းဝင်တဲ့နေ့.."

    မင်းရဲသိင်္ခသူဟာဆိုရင် ရေအောက်ငုပ်လျှိုး ပြီး လေ့ကျင့်ခန်းတွေလုပ်ခဲ့သလိုပဲ တော်ပီဒိုပစ်ခတ်တာတွေပါ လုပ်နိုင်ခဲ့တာရှိတယ်။ ဒါဟာ ကောင်းမွန်တဲ့ရလဒ်တစ်ခုလို့ ဆိုရမယ်။ ပိုပြီးတော့ ထိထိရောက်ရောက်ဆောင် ရွက်သွားဖို့လိုမယ်။ ဒီအချိန်မှာ ခြိမ်းခြောက်မှုတွေ အများကြီးရှိတယ်။
‌ငါတို့မြန်မာနိုင်ငံရဲ့ရေပိုင်နက်ဧရိယာဟာ ၁၄၄၀၀၀ ကျော် လောက်ရှိတယ်။ ဒီဧရိယာအတွင်းမှာ ကာကွယ်ဖို့ဆိုတာ ရေတပ်ဖွဲ့တစ်ခု တည်း အားဖြည့်ပြီးတော့လုပ်နိုင်မှာမဟုတ်ဘူး။ လေတပ်ကလည်းလာပြီးတော့ ကင်းထောက်မှုတွေ၊ ပစ်ခတ်မှုတွေ ပြုလုပ်ပေးဖို့လိုတယ်။ အခြားအရင်းအမြစ် တွေကနေ သတင်းရရှိရေး ဆောင်ရွက်ပေးဖို့လိုတယ်။ ဒီအရင်းအမြစ်တွေကနေ ရရှိ တဲ့ သတင်းအပေါ်မူတည်ပြီး မင်းတို့က အသင့်ဖြစ်မှု ၃ ရပ်နဲ့ ရေပြင်ကာကွယ်ရေး သွားကြမှာဖြစ်တယ်။
‌ရန်သူကလည်း ကိုယ့်ဆီကိုအချိန်မရွေးဖြစ်လာနိုင်တယ်။ ဒါတွေကို တားဆီးနိုင်ဖို့ဆိုတာကတော့ မြဲ ၃ မြဲနဲ့ အသင့်ဖြစ်မှု ၃ ရပ်ကိုအမြဲတမ်း ဒို့ကဆောင်ရွက်နေမှရမယ်။
‌ဒို့တပ်မတော်အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် တပ်မတော်ဟာ အခြေခံဥပဒေ ပုဒ်မ-၃၄၁ မှာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကျရောက်လာလျှင် တပ်မတော်ဟာ ကူညီဆောင်ရွက်ရမည်ဟု ပြောထားတာရှိတယ်။ ဘေးအန္တရာယ်ဆိုတဲ့နေရာမှာ ခုနကပြောခဲ့တဲ့အရာတွေအကုန်လုံးပါတယ်။ ဒါ့ကြောင့် တပ်မတော်ဟာ အမြဲတမ်းအသင့်ဖြစ်နေဖို့လိုတယ်။ ဥပမာအားဖြင့် ရောဂါဘယ ဖြစ်နေတဲ့အခါမျိုးမှာ ဆေးတပ်ဖွဲ့ဝင်တွေအကုန်လုံးဟာလည်း အသင့်ဖြစ်နေဖို့ လိုအပ်တယ်။ လေ့ကျင့်နေရမယ်။ ဒီနေ့ခေတ်အနေနဲ့ ပြောင်းလဲလာတဲ့ အခြေအနေ အရပ်ရပ်ကို အံဝင်ခွင်ကျဖြစ်အောင်လုပ်ရမယ်။ ဒါကြောင့် ငါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့အချိန်မှာ တပ်မတော်ရဲ့လုပ်ငန်းစဉ် ၃ ရပ်ပြောခဲ့တယ်။ လေ့လာ၊ လေ့ကျင့်၊ လိုက်နာလို့ပြောခဲ့တယ်။

‌တပ်မှာပြောရရင်တော့ စစ်အခြေခံသဘောတရားတွေရှိတယ်။ ချီစစ်မှာဆိုလည်း ချီစစ်ရဲ့အခြေခံသဘောတရားတွေရှိတယ်။ ခံစစ်မှာဆိုလည်း ခံစစ်ရဲ့အခြေခံသဘော တရားတွေ၊ ခွာစစ်မှာဆိုလည်း ခွာစစ်ရဲ့အခြေခံသဘောတရားတွေရှိတယ်။ ရေတပ် မှာလည်း ဒီလိုအခြေခံသဘောတရားတွေရှိမှာပဲ။ ဒီလို အခြေခံအချက်အလက်တွေကို လိုက်နာပါ။ ဒါ့ကြောင့် ငါက လေ့လာပါ၊ လေ့ကျင့်ပါ၊ လိုက်နာပါလို့ပြောတယ်။ အခု ဒီလေ့ကျင့်ခန်းတွေကို မင်းတို့ ဒီနေ့လုပ်ကြတယ်။ ဒီအပေါ်မှာ အခြေခံပြီးတော့မှ ငါတို့သုံးသပ်ဖို့လိုတယ်။ အခုဆိုလို့ရှိရင် ရေငုပ်သင်္ဘောပါလာပြီ။ ပိုပြီးတော့မှ လေးနက်လာတယ်။ ဒါ့ကြောင့်မင်းတို့အနေနဲ့ ဒီဟာကို ဒီလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး ငါ့အနေနဲ့ တိုင်းပြည်အတွက်ပါ အင်မတန်ဝမ်းသာဖို့ ကောင်းတယ်။ တပ်မတော်အတွက်လည်း ဝမ်းသာဖို့ကောင်းတယ်။ တပ်မတော်(ရေ) အတွက်လည်း ဝမ်းသာဖို့ကောင်းတယ်။ မှတ်ကျောက်တင်နိုင်တယ်။ ဒီနေ့ဟာဆိုရင် ဘာပဲပြောပြော သမိုင်းမော်ကွန်းတင်နိုင်တဲ့ နေ့တစ်နေ့ဘဲ၊ သမိုင်းဝင်တဲ့ နေ့တစ်နေ့ ဘဲ။ မြန်မာ့သမိုင်းမှာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ မြန်မာ့တပ်မတော်ရဲ့သမိုင်းမှာ ရေတပ်ရဲ့သမိုင်းမှာ ပြည့်စုံသွားတဲ့အချက်တစ်ချက်ပဲ၊ မှတ်ကျောက်တင်တဲ့ အချက် တစ်ချက်ဘဲ။ ဒီလိုမှတ်ကျောက်တင်နိုင်တဲ့နေ့မျိုးမှာ ဒီနေ့ငါတို့ပြုလုပ်တဲ့ သင်ခန်းစာ သည် ငါတို့အတွက် အဖိုးမဖြတ်နိုင်တဲ့သင်ခန်းစာတစ်ခုဖြစ်တယ်။ အဲ့လိုကို မင်းတို့စိတ်ထဲမှာခံယူထားပါ။ ဒါကို ငါ မင်းတို့ကိုပြောလိုတယ်။


ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

0 comments:

Post a Comment