လသာမြို့နယ်ရှိ အမျိုးသားသွေးဌာနအတွက် ဒလတပ်နယ်မှ တပ်မတော်သားများက စုပေါင်း သွေးလှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ အမျိုးသားသွေးဌာန၌ သွေးမျိုးစုံ လိုအပ်လျက်ရှိကြောင်း ဆက်သွယ်လာသည့်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ်မှ တပ်မတော်သားများက ယနေ့နေ့လယ်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်းရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ သီဟသူရထွန်းတင်ခန်းမ၌ စုပေါင်းသွေး လှူဒါန်းကြသည်။
အဆိုပါသွေးလှူဒါန်းမှုတွင် အရာရှိ၊ စစ်သည်များ ၄၀ ဦးတို့က သတ်မှတ်နေရာ အသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ အရာရှိ၊ စစ်သည်များ၏ သွေးလှူဒါန်းနေမှုများကို ဒလတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇွဲဝင်းမြင့်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အမျိုးသားသွေးဌာနမှ ဆရာဝန်များနှင့် သူနာပြုများအတွက် ရွှေဖီဦး လက်ဘက်ရည်ထုပ်များနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
0 comments:
Post a Comment