စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များပေးအပ်
နေပြည်တော်၊ အောက်တိုဘာ - ၂၆

နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သွားလာမှုများကန့်သတ်ချက်များကြောင့် စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်း ဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပွင့်ဖြူမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက မြို့နယ် အသီးသီးရှိ စစ်မှုထမ်းဟောင်းများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment