Thursday, October 22, 2020

လားရှိုးမြို့၊ ဆုံကွယ်ကျေးရွာရှိ ကွန်ခမ်းကျောင်းတိုက်၌ ဓမ္မာရုံ ၂ ထပ်ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာပြုလုပ်

 လားရှိုးမြို့၊ ဆုံကွယ်ကျေးရွာရှိ ကွန်ခမ်းကျောင်းတိုက်၌ ဓမ္မာရုံ ၂ ထပ်ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၂


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဆုံကွယ်ကျေးရွာရှိ ကွန်ခမ်းကျောင်းတိုက် သို့ ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး နှင့် အဖွဲ့ဝင်များက သွားရောက်၍ ကွန်ခမ်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသစ္စာနန္ဒအား ဖူးမြော်ပြီး ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျောင်းတိုက်အတွင်းအတွင်း အသစ်တည်ဆောက်မည့် ဓမ္မာရုံ ၂ ထပ် ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာကို အစီအစဉ် အတိုင်းပြုလုပ်၍ ကျောင်းတိုက်ရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment