Thursday, October 22, 2020

Covid-19 ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ၊ ဘုန်းတော်ကြီးကျောင်း များနှင့် ဌာနဆိုင်ရာဝန်ထမ်းများထံသို့ ပေးအပ်လှူဒါန်း

Covid-19 ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ၊ ဘုန်းတော်ကြီးကျောင်း များနှင့် ဌာနဆိုင်ရာဝန်ထမ်းများထံသို့ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ-၂၂


 

ကမ္ဘာ့ကပ်ရောဂါ Covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိကာ သီးနှံများပျက်ဆီးဆုံးရှုံးနိုင်သည့်အခြေအနေများဖြစ်ပေါ်နေသောကြောင့် နယ်မြေခံ တပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။

ယနေ့တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ တောကျယ်လဲပြားကျေးရွာရှိ ဒေသခံတောင်သူများ၏စိုက်ခင်းများသို့ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ဂေါ်ရခါးသီး ၇၆၀၀ လုံးနှင့် ခရမ်းချဉ်သီး ၃၀၀၀ ပိဿာ တို့ကို ဝယ်ယူပေးခဲ့ပြီး ဒေသခံတောင်သူများ၏ အခက်အခဲများ အပေါ်မူတည်၍ သီးနှံများကို ဆက်လက်ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ဝယ်ယူပေးလျက်ရှိရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် အောက်တိုဘာ ၂၁ ရက်တွင် ပင်လောင်းမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ရှိ တောင်သူများထံမှ ဝယ်ယူခဲ့သည့် ဂေါ်ရခါးသီး ၈၀၀၀ လုံး၊ ပန်းဂေါ်ဖီ ၁၇၀၀ ထုပ်၊ ဂေါ်ဖီထုပ် ၂၀၀၀ ထုပ်နှင့် ခရမ်းချဉ်သီး ၁၅၀၀ ပိဿာတို့အား ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် မီးသတ် တပ်ဖွဲ့ဝင်များနှင့် မုံရွာမြို့နယ်၊ ရွှေဘိုမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ဆက်ကပ်လှူဒါန်းပေးအပ်ခဲ့သည်။

အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် အောက်တိုဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့ တွင် အောင်ပန်းဒေသထွက် ရာသီသီးနှံဖြစ်သည့် အာလူး ၁၄၄၅ ပိဿာ၊ ခရမ်းချဉ်သီး ၇၂၂ ပိဿာ၊ ဂေါ်ဖီထုပ် ၁၄၄၅ ထုပ်တို့ကို ဝယ်ယူခဲ့ပြီး တိုင်းစစ်ဌာနချုပ်တွင် ကွပ်ကဲမှု အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များရှိ တပ်မတော်သားမိသားစုဝင်များနှင့် အရပ်သားအစားခန့် ဝန်ထမ်းများ Covid-19 ရောဂါဖြစ်ပွားနေသော ကာလအတွင်း စားရေးအဆင်ပြေစေရန် အတွက် ယနေ့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment