Wednesday, October 21, 2020

COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများလှူဒါန်း

COVID-19 ရောဂါကုသရေးအတွင် အထောက်အကူပြုနိုင်စေရန်အတွက် တပ်မတော်က အောက်ဆီဂျင် အိုးများလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၁


COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများ နှင့် COVID-19 ရောဂါကုသရေးဌာနများအရောက် သွားရောက်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၄၀ လုံးကို တပ်မတော် Oxygen Plant များမှ အောက်ဆီဂျင်များဖြည့်သွင်းပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment